သတင်းတို
ဘန်ကောက်နှင့် အနီးတဝိုက် အရေးပေါ် အခြေအနေ ကြေညာ
This article has been converted from Zawgyi One to Unicode
၀န်ကြီးချုပ် ယင်းလပ်ခ်အစိုးရ ဖြုတ်ချရေး အတိုက်အခံများ၏ ဆန္ဒပြနေခြင်းကို တုံ့ပြန်သည့် အနေဖြင့် အစိုးရက ဘန်ကောက်နှင့် အနီးဝန်းကျင် မြို့များတွင် ယနေ့ (ဗုဒ္ဓဟူးနေ့မှ) စ၍ ရက်ပေါင်း ၆၀ အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ယင်း ကြေညာချက်အရ အစိုးရ အနေဖြင့် ဆန္ဒပြသူများအား လူစုခွဲခြင်း ဖမ်းဆီးခြင်းများ လုပ်ဆောင်ရန် ရဲနှင့် စစ်တပ်ကို ဝန်ကြီးချုပ်က အပြည့်အ၀ တာဝန်ပေးခွင့် ရှိကြောင်း၊ ညမထွက်ရ အမိန့်ထုတ်ခွင့်၊ သတင်းမီဒီယာအပေါ် ကန့်သတ်ခွင့်နှင့် နိုင်ငံရေး အရ စုဝေးခွင့်များကို ကန့်သတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။