ဒုသမ္မတ ဦးဉာဏ်ထွန်းသည် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ အာရှပစိဖိတ်ဒေသ ဆိုင်ရာ ဒုဥက္ကဋ္ဌ Ms. Karin Finkelston နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာအစိုးရနှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့တို့ အကြေား ဘဏ်လုပ်ငန်း နှင့် ငွေကြေးဆိုင်ရာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ် ဆက်သွယ်ရေး သယ်ယူပို့ဆောင်ရေး ဆိုင်ရာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး ကိစ္စရပ်များ ဆွေးနွေးကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။