သတင်းတို
ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်ရေး ကာချုပ်နှင့် အီးယူ သံအမတ်ကြီး တွေ့ဆုံဆွေးနွေး
This article has been converted from Zawgyi One to Unicode
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဥရောပ သမဂ္ဂ သံအမတ်ကြီး Mr. Roland KOBIA နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများ၊ တပ်မတော်၏ ရပ်တည်ချက် သဘောထား၊ ဥရောပ သမဂ္ဂနှင့် နယ်ပယ်အစုံတွင် ဆက်ဆံရေး၊ တပ်မတော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။