ဒီးဒုတ်၊ အလယ်ပေါင်းလောင်း၊ အလယ်ရဲရွာ၊ ဘောဂထ ရေအားလျှပ်စစ် စီမံကိန်းများကို ဥရောပနိုင်ငံများနှင့် ဖက်စပ် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဒုဝန်ကြီး ဦးမော်သာထွေးက လွှတ်တော်တွင် ရှင်းလင်း တင်ပြသည်။ မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်မည့် ရေအားလျှပ် ထုတ်လုပ်ရေး လုပ်ငန်း ၂၁ ခု အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးမည် ဖြစ်ရာ အများစုကို ဥရောပ နိုင်ငံများနှင့် ဖက်စပ် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ လျှပ်စစ်ထုတ်ယူရေး လုပ်ငန်းများကို တရုတ်ကုမ္ပဏီများက လွှမ်းမိုးထားပြီး၊ တရုတ်နှင့် ဖက်စပ်လုပ်ဆောင်သည့် စီမံကိန်းများတွင် မြန်မာပြည်သူများက အဓိက လက်မခံသည့် အချက်မှာ ပွင့်လင်းမြင်သာမှု မရှိခြင်း ဖြစ်ကြောင်း၊ သတင်းအချက်အလက်များကို အများပြည်သူ သိမြင်အောင် ချပြရန် လိုကြောင်း ဘီဘီစီ သတင်းတရပ် တွင် ဖော်ပြ ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။