• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

တပ်မတော်၏ အခြေခံဥပဒေ သုံးသပ်ချက် မထုတ်ပြန်ဘဲ လျှို့ဝှက်ထားမည်

by မေစစ်ပိုင်
23 January 2014
in Military
A A
အခြေခံဥပဒေ, တပ်မတော်, လွှတ်တော်ကိုယ်စားလှယ်

ဇန်နဝါရီ ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးတွင် ပါဝင်သော တပ်မတော်သားကိုယ်စားလှယ်များ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

5k
VIEWS
Share on FacebookShare on Twitter

၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအပေါ် တပ်မတော်က သုံးသပ် ထားသော  အခြေခံဥပဒေ  သုံးသပ်ချက်များကို အများပြည်သူ သိသာစေရန် ထုတ်ပြန်မည်မဟုတ်ဘဲ လျှို့ဝှက်ထားမည်ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဧရာဝတီသတင်းဌာနသို့ ပြောဆိုကြသည်။

တပ်မတော်သားများ အပါအဝင် နိုင်ငံရေးပါတီ များမှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်ထောင်စု လွှတ်တော် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက အခြေခံဥပဒေနှင့် ပတ်သက်၍ သဘောထားများ စုဆောင်းလျက်ရှိနေပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများ၊ အများပြည်သူများက အခြေခံဥပဒေနှင့်ပတ်သက်သော သဘောထားများ ကို ကော်မတီသို့ တင်ပြထုတ်ပြန်ပြောဆိုနေ ကြသော်လည်း တပ်မတော်အနေဖြင့်မူ အခြေခံ ဥပဒေအပေါ် သုံးသပ်ချက်ကို မီဒီယာများနှင့်ပြည်သူ များသို့ ထုတ်ပြန်တင်ပြမည် မဟုတ်ဘဲ လျှို့ဝှက် ထားမည်ဖြစ်ကြောင်း၊ လွှတ်တော်သို့ တရားဝင် ပြပြီးမှသာလျှင်  အများပြည်သူက သိရှိနိုင်မည် ဖြစ် ကြောင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ကဧရာဝတီ သို့ပြောသည်။

RelatedPosts

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

24 June 2025
168
တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

24 June 2025
98
အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

24 June 2025
88

”တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာပါတဲ့ အချက်အလက်တချို့ကို တော့ ပြင်ဆင်ဖို့ အတွက် တင်ပြထားတာတွေတော့ရှိတယ်၊ လွှတ်တော်ကော်မတီ ဆုံးဖြတ်ချက်ချပြီးတဲ့ အချိန်ရောက်ရင်တော့ အားလုံးသိရမှာပါ”ဟု ဗိုလ်မှူးချုပ် မောင်မောင်က ရှင်းပြသည်။

ပြည်သူ့လွှတ်တော် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဗိုလ်မှူးချုပ်ကျော်ရွှေကလည်း ”ပူးပေါင်းကော်မတီရဲ့ သတ်မှတ်ချက် အရ တပ်မတော်က ပြင်ဆင်လိုတဲ့ အချက်အလက် တွေကို လိျှု့ဝှက်ထားရမယ်၊ အပြင်ကိုမပေါက်ကြား ရဘူးလို့ ပြောထားတယ်၊ ဖွင့်ဟပြောလို့ လုံးဝမရဘူး”ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က တပ်မတော်သည် နိုင်ငံရေး ပါဝင်ခြင်းမပြုရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စများကို လူထုတွေ့ဆုံပွဲများ ကျင်းပ တောင်းဆိုမှုများ ပြုလုပ် လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း အခြေခံ ဥပဒေ မပြင်လျှင် ၂ဝ၁၅ ရွေးကောက်ပွဲ မဝင်လိုဟု ပြောဆိုနေကြချိန် တပ်မတော်က အခြေခံဥပဒေနှင့် ပတ်သက်၍ သဘောထား လျှို့ဝှက်ထားခြင်းမှာ မြန်မာ့နိုင်ငံရေးအတွက် အလားအလာ မကောင်းဟု ဆိုကြသည်။

”တပ်မတော်ဘက် သဘောထားဆိုတာက ဘယ်တုန်းကထုတ်ပြန်ဖူးလို့လဲ။ ဒါကတပ်ရဲ့ သဘာဝလို ဖြစ်နေပြီ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဆိုတာကလည်း လွှတ်တော်မှာ အဖြူနှိပ်ဆို အဖြူနှိပ်၊ အမည်းနှိပ်ဆို အမည်းနှိပ်ရတဲ့သူတွေလေ။ သူတို့က တသွေးတသံ တမိန့်တည်းအောက်မှာ ရှိနေကြတာ” ဟု ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဆိုသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းမှုကော်မတီတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးမှု ပါတီ မှ ၅၂ ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၇ ဦး အပါ အဝင် လွှတ်တော်ကိုယ်စားလှယ် ၁ဝ၉ ဦးဖြင့် ဖွဲ့ စည်းထားပြီး လာမည့်ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ အခြေခံဥပဒေသုံးသပ်ရေး အစီ ရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည် ဖြစ်သည်။

Your Thoughts …
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.5k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဒေါ်အောင်ဆန်းစုကြည်, သမ္မတ, တရုတ်အစိုးရ

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ်လို့ တရုတ်အစိုးရ တွက်ထားသလား

မောင်၊ မယ်ပြိုင်ပွဲ, ကောင်းမြတ်ဟိန်း, ကွယ်လွန်, တက္ကသိုလ်ပေါင်းစုံ

တက္ကသိုလ်ပေါင်းစုံ မောင်၊ မယ်ပြိုင်ပွဲဝင်တဦး ရေနစ်သေဆုံး

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate