• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ်လို့ တရုတ်အစိုးရ တွက်ထားသလား

by အက်ကို ဟယွိ
23 January 2014
in Politics
A A
ဒေါ်အောင်ဆန်းစုကြည်, သမ္မတ, တရုတ်အစိုးရ

ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ် ခရီးစဉ်အတွင်း ကြိုဆိုနေကြသော ဒေသခံများ (ဓာတ်ပုံ - ရွှေအင်းသား ခင်မောင်ဝင်း)

6.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ ပြုလုပ်နေချိန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပေါ် တရုတ်နိုင်ငံ၏ သဘောထား ရပ်တည်ချက်များ ပျော့ပျောင်းသည့် အသွင်ဆောင်လာခြင်းသည် ဒေါ်အောင်ဆန်းစုကြည်တနေ့ သမ္မတဖြစ်လာနိုင်မည်ဟု ၎င်းတို့ကလည်း မျှော်လင့် ထားသည်ဟု ယူဆကြည့်နိုင်ပါသည်။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရ ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအား အနိုင်ယူနိုင်လိမ့်မည်ဟု အများက မျှော်လင့်ထားကြသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအတိုက် အခံပါတီနှင့် နီးနီးကပ်ကပ် ဆက်ဆံခွင့်ရရန် ပြီးခဲ့ သောလများအတွင်း တရုတ်နိုင်ငံက ပေါ်ပေါ်ထင်ထင်ပင် အားထုတ်ခဲ့သည်။

RelatedPosts

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
27
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
166
ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

16 May 2025
27

ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံမှ အစိုးရ တပိုင်း အဖွဲ့အစည်းတခုဖြစ်သော Chinese People’s Institute for Foreign Affair ၏ ဖိတ်ကြားမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သည့် လူရင်းတယောက်ဖြစ်သည့် ပါတီအတွင်း ရေးမှူး ဦးဉာဏ်ဝင်း ဦးဆောင်သည့် အဖွဲ့ဝင် ၁ဝဦး ပါ NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ သွား ရောက်ခဲ့သည်။

အဆိုပါ သွားရောက်လည်ပတ်မှုသည် ပြီးခဲ့ သည့် နှစ်အတွင်းတွင် NLD ပါတီဝင်များ တရုတ် နိုင်ငံသို့ ၄ ကြိမ်မြောက် သွား ရောက်ခြင်းဖြစ်သည့် အတွက်  ၂ဝ၁၅ ခုနှစ်  ရွေးကောက်ပွဲမတိုင်မီ နှစ်ဖက်စလုံးက ဆက်ဆံမှုကို မြှင့်တင်နိုင်ရန် ဆန္ဒရှိ နေကြပုံရသည်ဟု ဝေဖန်သုံးသပ် သူများက ပြောကြ သည်။ ရွေးကောက်ပွဲအပြီးတွင် ပေါ်ပေါက်လာမည့် လွှတ်တော် အသစ်က နောက်သက်တမ်းအတွက် မြန်မာနိုင်ငံ၏ သမ္မတကို ရွေးချယ်မည်ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Yang Houlan က မြန်မာပြည်ရှိ နိုင်ငံရေးပါတီ များက တရုတ်နိုင်ငံနှင့် ကောင်းမွန် တိုးတက်သော ဆက်ဆံရေးကိုကူညီရန် ဆန္ဒရှိနေသရွေ့တရုတ်နိုင်ငံ အနေဖြင့်လည်း NLD အပါအဝင် နိုင်ငံရေးပါတီများ အားလုံးနှင့် ဆက်ဆံရေး အသင့်ရှိကြောင်း ဧရာဝတီ သို့ ပြောကြားခဲ့သည်။ အနာဂတ်တွင်လည်း NLD ပါတီနှင့် ပါတီချင်း ဆက်ဆံရေးကို တရုတ်နိုင်ငံက ဆက်လက်ထိန်းသိမ်းသွားမည် ဟုလည်း သူက အခိုင်အမာ ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးခင်မောင် ဝင်းက ယခင်အပတ်ကပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစည်း အဝေးတခုတွင် ”မြန်မာ-တရုတ် ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးက အခြေခံအားဖြင့်ပြောင်း လဲသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခြားအကြောင်း အရာသစ်တွေ ပါဝင်လာတဲ့အတွက် ဒါကို ကိုင်တွယ်မယ့် နည်းလမ်းကိုတော့ ပြန်လည်သုံးသပ် သွားရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

”အရင်ကတော့  အစိုးရပဲ ရှိတဲ့အတွက် ဒါက လွယ်ပါတယ်။ ဒီနေ့အချိန်မှာတော့ ကျနော်တို့က ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပါတယ်” ဟုလည်း သူကဆိုသည်။

တရုတ်အစိုးရအာဘော်ဖြစ်သည့်  The Global Times သတင်းစာတွင် ယမန်နှစ် အောက်တိုဘာလ ၂၁ ရက်နေ့က ဖော်ပြသော တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Yang Houlan က သံရုံးအနေဖြင့် နှစ်ဖက်လုံး အတွက် အဆင်ပြေမည့် အချိန်တွင် ဒေါ်အောင်ဆန်း စုကြည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်နိုင်ရေး အတွက် စီစဉ်ပေးလိုကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး Yang Houlan က နေ့ရက် အတိအကျမပြောနိုင်သေးဘဲ ဒေါ်အောင်ဆန်းစု ကြည်၏ ခရီးစဉ်အတွက် တရားဝင် စီစဉ်ထားခြင်းမျိုး မရှိသေးသော်လည်း သူ၏ နိုင်ငံတကာဝင်ဆံ့မှုနှင့် မြန်မာပြည်သူများကြားတွင် ရေပန်းစားမှုကြောင့် တရုတ်နိုင်ငံသို့ အလည်အပတ် ဖိတ်ခေါ်ရေးသည် မလွဲမသွေ ဖြစ်လာမည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှအငြိမ်း စား ဒုညွှန်ကြားရေးမှူးချုပ် ဦးကြီးမြင့်က မြန်မာပြည် သူတို့၏ တရုတ်နိုင်ငံအပေါ်ထားသည့် သဘောထား သည် တရုတ်အစိုးရအတွက် အရေးအကြီးဆုံး စိန် ခေါ်မှုဟု ပြောသည်။

”တရုတ်အစိုးရက သူ့ပြည်သူတွေကို ကောင်း ကောင်း ထိန်းချုပ်နိုင်စွမ်း ရှိတယ်။ အထူးသဖြင့် စီးပွားရေးသမားတွေကို ထိန်းချုပ်နိုင်တယ်။ ဒါပေမယ့် မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ စိတ်ဆန္ဒကို တရုတ် အစိုးရ မထိန်းချုပ်နိုင်ဘူး” ဟု သူက ဧရာဝတီကို ပြောသည်။

သံအမတ်ကြီး Yang Houlan က နှစ်နိုင်ငံကြား တွင် အပြန်အလှန်လေးစားမှုရှိဖို့ အရေးပါကြောင်း ပြောသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒီမို ကရေစီဖြစ်စဉ်များကို လေးစား အသိအမှတ်ပြု သွားမည်ဖြစ်ပြီး ပြည်တွင်းရေးကိစ္စများကိုလည်း ဝင်ရောက် စွက်ဖက်မည်မဟုတ်ဟု ထပ်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်နိုင်ငံ သို့ သွားရောက်လည်ပတ်ရန် ဆန္ဒရှိကြောင်း ယခင် ကပြောခဲ့ဖူးသည်။ သို့သော်လည်း ဖိတ်ခေါ်ခြင်းသည် တရုတ်အစိုးရ၏ ဖိတ်ကြားမှုသာ ဖြစ်သင့်သည်ဟု ဆိုခဲ့၏။ တရုတ်နိုင်ငံမှ အစိုးရတပိုင်း အဖွဲ့အစည်း များ၏ ဖိတ်ကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပုံရိပ် ဒေါ်အောင် ဆန်းစုကြည်နှင့် တရုတ်အစိုးရတို့၏ ဆက်ဆံရေး သည် ယခင်ကထက် နှိုင်းယှဉ်လျှင် တိုးတက်မှုရှိလာ သည်ဟု ဆိုနိုင်ပါသည်။ ဒီမိုကရေစီအတွက် လှုပ် ရှား တောင်းဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည် က တရုတ်နိုင်ငံ၏ ကွန်မြူနစ်အာဏာရှင်စနစ် လက်အောက်မှ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း များကို ဝေဖန်ပြောဆိုခဲ့သောကြောင့် တရုတ်အစိုးရ က ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ပါတီကို နှစ် ပေါင်းများစွာ တရားဝင်ဆက်သွယ်ခြင်းမပြုဘဲ နေခဲ့ သည်။

ယခင်  မြန်မာစစ်အစိုးရ၏  ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ နေရာဆက်ခံ မည့်သူအဖြစ် သူကိုယ်တိုင် ရွေးချယ်ထားသော သမ္မတ ဦးသိန်းစိန်လက်သို့ အာဏာလွှဲပြောင်းပေးပြီး အနားယူသွားသည့်အချိန်မှစ၍ မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြောင်းလဲမှုများဖြင့် လှုပ်လှုပ်ရှားရှား ရှိနေ ခဲ့သည်။ ၂ဝ၁၁ ခုနှစ် မတ်လတွင် ဦးသိန်းစိန် ရာထူးလက်ခံယူခဲ့ပြီးနောက် အာဏာရှင် အုပ်ချုပ် သည့် နိုင်ငံရေးစနစ်မှ ဒီမိုကရေစီကို ဦးတည်သော ပြုပြင်ပြောင်းလဲမှုများ စတင်လာခဲ့သည်။

မည်သည့် နိုင်ငံသားမဆို သမ္မတ ဖြစ်လာနိုင် မည့် အခြေခံဥပဒေဖြစ်အောင် အလိုရှိကြောင်း သမ္မတ ဦးသိန်းစိန်က ယခုနှစ်ဆန်းပိုင်းတွင် မတင် မကျ ပြောကြားခဲ့သေးသည်။ စစ်တပ်က ရေးဆွဲထား သည့် အခြေခံဥပဒေက သမ္မတရာထူးအတွက် ယှဉ် ပြိုင်ချင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ရည်မှန်းချက်ကို အဟန့်အတားပြုနေသည်ကို ရည်ညွှန်းခြင်းဖြစ်သည်။

သို့သော်လည်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အရပ်သား အသွင်ယူအစိုးရခေါင်းဆောင် များအပေါ်တွင် သြဇာလွှမ်းမိုးမှု ကြီးမားစွာရှိနေဆဲ ဖြစ်သည်ဟု ယူဆရန် အကြောင်းများကလည်း ရှိနေသည်။

အောက်တိုဘာလအတွင်းတွင် ဗိုလ်ချုပ်မှူး ကြီး သန်းရွှေက လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့ နိုင်ငံရေးဖြစ်စဉ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိ ကြောင်းပြောခဲ့သည်ဟု စစ်အစိုးရအဖွဲ့ဝင်ဟောင်း တဦးဖြစ်ပြီး ယခုအချိန်တွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် သူရဦးရွှေမန်းက ထုတ်ဖော် ပြောကြားသည်။

ထို့ပြင် အခြေခံဥပဒေ ပြင်ဆင်နိုင် ရေးကလည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုချက်ရယူရန် လိုအပ်သောကြောင့် ဒေါ် အောင်ဆန်းစုကြည် သမ္မတရာထူး ဆက်ခံရေး အတွက် သံသယထားရန် အကြောင်းများ ဖြစ်လာ စေတော့သည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Echo Hui ၏ Is China Betting on a Suu Kyi Presidency? ကို ဘာသာပြန်ဆိုသည်။

Your Thoughts …
အက်ကို ဟယွိ

အက်ကို ဟယွိ

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
မောင်၊ မယ်ပြိုင်ပွဲ, ကောင်းမြတ်ဟိန်း, ကွယ်လွန်, တက္ကသိုလ်ပေါင်းစုံ

တက္ကသိုလ်ပေါင်းစုံ မောင်၊ မယ်ပြိုင်ပွဲဝင်တဦး ရေနစ်သေဆုံး

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံ, အပစ်အခတ် ရပ်စဲရေး, NCCT, လောခီးလာ, ကရင်ပြည်နယ်, KNU

ဘားအံ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် မဖြစ်နိုင်သေး

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate