မှော်ဘီမြို့နယ်ရှိ အမှတ် ၅၀၁၀ တင့်ကားတပ်ရင်း လက်နက်တိုက်ကို ဖောက်ထွင်းခံခဲ့ရပြီး သေနတ် ၂ လက်၊ ယမ်းပြင်းကျည် ၅၀၀ နှင့် ကျည်ကတ် ၅ ခု ပျောက်ဆုံးသွားကြောင်း သိရသည်။ ဖောက်ထွင်းခံရမှုကို ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်တွင် သိရှိခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် မှော်ဘီရဲစခန်းသို့ ဇန်နဝါရီ ၂၂ ရက်နေ့ နံနက်ကျမှသာ လာရောက် တိုင်တန်းခြင်း ဖြစ်ကြောင်း၊ ယင်း လက်နက်တိုက် ဖောက်ထွင်းခံရမှုနှင့် ပတ်သက်ပြီး ၁၉၄၉ ခုနှစ်၊ လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီ) ဘက်ဥပဒေ ပုဒ်မ ၂ (၁) (က) ဖြင့် မှော်ဘီမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း ယနေ့ထုတ် 7 Day Daily သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။