ကုသလမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Navi Pillay က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးယားတန်းရွာ တွင် ရိုဟင်ဂျာ မွတ်စလင် ၄၀ ကျော် သတ်ဖြတ်ခံရသည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံး ပြုလုပ်ရန် ယမန်နေ့က တောင်းဆိုလိုက်သည်။ အစိုးရ အနေဖြင့် လူ့ အသက်ပေါင်းများစွာ ဆုံးရှုံးမှု အတွက် စုံစမ်း စစ်ဆေးမှုများ ချက်ချင်းလုပ်ရန်နှင့် သေဆုံးသူတွေရဲ့ မိသားစုများအတွက် တရား မျှတမှု ရှိစေရမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ရိုဟင်ဂျာ မွတ်စလင် အမျိုးသား ၈ ဦး ကို ဒေသတွင်း ရခိုင်ဗုဒ္ဓဘာသာဝင်များက ဇန်နဝါရီ ၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တိုက်ခိုက်သတ်ဖြတ်သည့် သတင်းများ အခိုင်အမာ ရရှိထား ကြောင်း၊ ယင်းနောက် ၄ ရက် အကြာတွင် ရဲတပ်ကြပ်ကြီး တဦးကို ရိုဟင်ဂျာ တို့က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းကို တုံ့ပြန်သည့် အနေဖြင့် ဒေသခံ ရခိုင်လူမျိုးများက ရိုဟင်ဂျာ မွတ်စလင် အနည်းဆုံး ၄၀ ခန့်ကို သတ်ဖြတ်ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ သတင်းအချက်အလက်များကိုလည်း မြန်မာ အစိုးရထံ ပေးပို့ထားသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။