• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုးကောင်း-ဖားကန့် လမ်းပြင်ရေး မပြေလည်မှုများ ရှိနေ

by စနေလင်း
25 January 2014
in သတင်း
A A
KIO, မိုးကောင်း-ဖားကန့် လမ်း, ကျောက်မျက် ကုမ္ပဏီ, ကျောက်မျက် လုပ်ငန်းရှင်များ, ကချင်ပြည်နယ် အစိုးရအဖွဲ့, KIA

ဖားကန့်မြို့ (ဓာတ်ပုံ – KNG)

2.5k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် မိုးကောင်း-ဖားကန့် လမ်း ပြုပြင်ရန်အတွက် ပြည်နယ် အစိုးရအဖွဲ့က ကျောက်မျက် လုပ်ငန်းရှင်များကို ငွေကောက် ခံ နေခြင်းနှင့် ပတ်သက်ပြီး မပြေလည်မှုများ ရှိနေကြောင်း သတင်းရရှီသည်။

ကျောက်မျက် လုပ်ငန်းရှင်များကို ယခုလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ လုပ်ကွက် တကွက်လျှင် သတ်မှတ် ရာခိုင်နှုန်းအနက် ၃၀ ရာခိုင်နှုန်း ပေးသွင်းရန် အစိုးရပိုင် သတင်းစာများမှ တဆင့် ကြေညာထားသည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
99
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
87
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
914

အစိုးရသို့ သွင်းရမည့် ငွေသည် လုပ်ငန်းရှင်များ လုပ်ကိုင်လျက်ရှိသည့် လုပ်ကွက် တန်ဖိုးများ အလိုက် သတ်မှတ်ခြင်း ဖြစ်ရာ လုပ်ငန်းရှင် တဦးနှင့်တဦး ပေးသွင်းရမည့် ပမာဏမှာလည်း မတူညီကြောင်း သိရသည်။

ထိုသို့သတ်မှတ် ကောက်ခံခြင်းနှင့် ပတ်သက်ပြီး ကျောက်မျက် လုပ်ငန်းရှင်တချို့၏ မကျေနပ်မှုများလည်း ဖြစ်ပေါ်နေသည်ဟု အောင်စည်းစိမ် ကျောက်မျက် ကုမ္ပဏီ ၏ ဒါရိုက်တာ ဦးအောင်ကြီးက ဧရာဝတီသို့ ပြောသည်။

မိုးကောင်း- ဖားကန့်လမ်းသည် ၅၈ မိုင်ကျော် ရှည်လျားပြီး စီးပွားရေး၊ ကျန်းမာရေး၊ စစ်ရေးအတွက် အဓိက အသုံးပြုလျက် ရှိသည့် လမ်းတခုဖြစ်ကြောင်း သိရသည်။

နယ်မြေ မတည်ငြိမ်မှုများကြောင့် ဖားကန့် ကျောက်လုပ်ကွက်များကို လွန်ခဲ့သည့် ၂ နှစ်ကျော် ကတည်းက ရပ်နားထားရသဖြင့် လမ်းပြုပြင်ရန် အတွက် လုပ်ငန်းရှင်များထံမှ မကောက်ခံဘဲ အစိုးရ ဘဏ္ဍာငွေဖြင့် ဖြစ်စေ၊ ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီများကို လုပ်ငန်းတင်ဒါ ခေါ်ယူ၍ဖြစ်စေ ပြုပြင်သင့်ကြောင်း ဦးအောင်ကြီးက ပြောသည်။

“ဒီလမ်းအတွက် ကျနော်တို့ လုပ်ငန်းရှင်တွေက အခုအချိန်မှာ လုပ်အားလောက်ပဲ စိုက်ထုတ်ပေးနိုင်မယ့် အခြေအနေလို ဖြစ်နေ တယ်။ လုပ်ကွက်တွေ ဖော်မရလို့ ဝင်ငွေမရှိနေတဲ့အပြင် ကိုယ့်အလုပ်သမားတွေရဲ့ အခြေအနေကိုလည်း ကြည့်နေရတဲ့အချိန် ဆို တော့ ဘယ်လိုလုပ် ငွေစိုက်နိုင်မလဲ”ဟု ဦးအောင်ကြီးက ဆိုသည်။

အစိုးရသို့ ပေးသွင်းရမည့် ၃၀ ရာခိုင်နှုန်း ငွေကြေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းက ဇန်နဝါရီ ၂၀ ရက်တွင် အစည်းအဝေးခေါ်၍ အသင်းရန်ပုံငွေထဲမှ အသုံးပြုရန် ဆွေးနွေးကြသော်လည်း အသင်းသားတချို့က ကန့်ကွက်ခဲ့ သည်။

“အသင်းရန်ပုံငွေထဲက သုံးတယ်ဆိုတာလည်း ကျနော်တို့ အသင်းသားတွေရဲ့အနှစ်နှစ်အလလ စုခဲ့တဲ့ငွေတွေ”ဟု ဦးအောင်ကြီးက ပြောဆိုသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့၏ တာဝန်ယူရှိသူ တဦးဖြစ်သည့် ဦးကျော်ဆန်းကမူ ကျောက်မျက် လုပ်ငန်းရှင်တချို့ ငွေကြေး မထည့် လို သည့် ကိစ္စနှင့်ပတ်သက်ပြီး မိမိတို့အစိုးရအဖွဲ့မှ မသိရသေးသဖြင့် အမှန်တကယ် အခက်အခဲရှိလျှင် ထပ်မံညှိနှိုင်း ဆွေးနွေးသွားရမည် ဖြစ်ကြောင်း ပြောသည်။

၎င်းက ဆက်လက်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်က အစိုးရအဖွဲ့နှင့် ကျောက်မျက် လုပ်ငန်းရှင်များ အသင်းတို့ ဆွေးနွေးပြီးမှ လမ်းကိစ္စကို စီစဉ်ခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် လုပ်ငန်းရှင်တချို့က ပေးသွင်းရမည့် ထည့်ဝင်ငွေများကိုပင် ပေးသွင်းနေပြီ ဖြစ် သည်ဟု ပြောဆိုသည်။

ထို့အပြင် ယခုပြုပြင်မည့် လမ်းသည် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၏ စိုးမိုးနယ်မြေများထဲ ကျ ရောက် နေကြောင်း၊ သို့သော်လည်း ညှိနှိုင်းရန် လိုအပ်မည်ဟု မယူဆကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီလမ်း ပြင်ဖို့လောက်နဲ့တော့ KIO/ KIA နဲ့ ဆွေးနွေးစရာ မလိုလောက်ဘူး ထင်ပါတယ်။ နယ်မြေတချို့က သူတို့စိုးမိုး နယ်မြေထဲမှာ ပါနေတယ် ဆိုပေမယ့် ဒေသဖွံ့ဖြိုးရေး အတွက်ပဲလေ။ အခုချိန်ထိတော့ လုံလောက် တဲ့ ရန်ပုံငွေတွေ မရသေးဘူး။ ရတာနဲ့ စဖြစ် လောက်မယ်။ အချိန်ကာလ အတိအကျတော့ပြောလို့ မရသေးဘူး”ဟု ဦးကျော်ဆန်းက ဆိုသည်။

သို့သော် ထိုလမ်းသည် နယ်မြေဖွံ့ဖြိုးရေးအတွက်သာမက စီးပွားရေး၊ စစ်ရေး အားလုံးအတွက် အဓိက လမ်းတခုဖြစ်ရာ၊ စီမံကိန်းပြုလုပ်မည် ဆိုလျှင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးနှင့် မိမိတို့အဖွဲ့ကြား ညှိနှိုင်းမှုများ ရှိလာရမည်ပင် ဖြစ်ကြောင်း KIA မဟာဗျူဟာ လေ့ လာရေး ဌာနမှ ဦးဒေါင်ခါးက ပြောသည်။

လမ်းကိစ္စကို မိမိတို့အနေဖြင့် ကြားသိထားသော်လည်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ တရားဝင် အသိပေး အကြောင်းကြားခြင်း မရှိသေးကြောင်း၊ ယခု စီမံကိန်းသည် ဗဟိုအစိုးရ စီမံကိန်းလား၊ ပြည်နယ်အစိုးရ စီမံကိန်းလားဆိုသည်ကိုလည်း သဲကွဲစွာ မသိရ သေးကြောင်း ၎င်းက ဆက်ပြောသည်။

“အစိုးရတရပ် အနေနဲ့က အမိန့်တခုတည်းနဲ့ လုပ်လို့မရဘူး။ ကျနော်တို့ စိုးမိုးတဲ့ နယ်မြေတွေမှာလည်း လမ်းတို့၊ ဆောက်လုပ်ရေး တို့ ဆိုတာ လုပ်ခဲ့တာပဲ။ လမ်းပြုပြင်ဖို့အတွက်တော့ ကန့်ကွက်စရာ သိပ်မရှိပေမယ့် ပွင့်လင်း မြင်သာမှု ရှိရှိနဲ့ ချပြဖို့တော့ လိုလိမ့် မယ်”ဟု ဦးဒေါင်ခါးက ဆိုသည်။

Your Thoughts …
Tags: Rule of Law
စနေလင်း

စနေလင်း

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
ရခိုင်ပြည်နယ်, မောင်တောမြို့, ဒုချီးရာတန်းကျေးရွာ အကြမ်းဖက် ခံရမှု,ကုလသမဂ္ဂ, လူသားချင်း စာနာထောက်ထားရေးဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေး ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးမှူး Valerie Amos

ကုလသမဂ္ဂ ထုတ်ပြန်ချက် လက်ခံနိုင်ဖွယ် မရှိဟု ဦးရဲထွဋ် ပြော

ရေလုပ်သား ပျောက်ဆုံးမှု, ပင်လယ်ပြင်တွင်း, ငါးဖမ်း လုပ်ငန်း ,အမျိုးသား လွှတ်တော်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ

ရေလုပ်သားများ ပင်လယ်ပြင်တွင်း ပျောက်ဆုံးမှု အရေးယူ ကူညီမှု လျော့နည်း

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.4k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate