မြန်မာ့ ရေတပ်မတော်၏ တတိယမြောက် ကျန်စစ်သား ကိုယ်ပျောက် စစ်ရေယာဉ် တည်ဆောက်မှုမှာ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပြီး ၂၀၁၄ တွင် ရေချနိုင်ရန်နှင့် ၂၀၁၅ တွင် တပ်တော်ဝင်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။ အရှည် ၁၀၈ မီတာရှိ ယင်းစစ်ရေယာဉ်ကို ၂၀၁၃ ခုနှစ်လယ်ပိုင်းတွင် ပြည်တွင်း သီလဝါ၌ တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ၎င်း အပြင် အရှည် ၄၉ မီတာ ရှိ 491 အမြန်သွား တိုက်ခိုက်ရေး ကိုယ်ပျောက် စစ်ရေယာဉ်လည်း ပါဝင်ကြောင်း၊ ဒုတိယမြောက် ကိုယ်ပျောက် စစ်ရေယာဉ်မှာ ကျန်စစ်သား (F 12) ဖြစ်ပြီး ၂၀၁၀ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တပ်တော်ဝင်နိုင်ခဲ့ ကြောင်း ယနေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။ ၁၉၈၉ မှ ၂၀၁၁ အတွင်း ရေတပ်မှ အရာရှိနှင့် စစ်သည် ၅၃၇ ဦး ပညာတော်သင် စေလွှတ်ခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။