သတင်းတို

တောင်ကြီး လူထုတွေ့ဆုံပွဲ နေရာ ခွင့်ပြုချက် မရ

This article has been converted from Zawgyi One to Unicode

အာဏာပိုင်များက တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းတွင် လူထုနှင့် တွေ့ဆုံဟောပြောရန် ခွင့်ပြုမိန့် မပေးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏  တောင်ကြီး လူထုတွေ့ဆုံပွဲကို လမ်းကြားလေးထဲ၌သာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးပုံးပျံကွင်းမှာ စစ်တပ်ပိုင်မြေ ဖြစ်ကြောင်း၊ ဟောပြောပွဲ လုံခြုံရေး လမ်းကြောင်းရှင်းလင်းရေး တို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တို့က အကူအညီပေးခြင်း မတွေ့ရကြောင်း ဘီဘီစီ သတင်းတရပ်တွင် ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုအင်အား ရယူရန် ဟောပြောပွဲများကို ဇန်နဝါရီ ၂၄ မှ ၂၆ ရက်နေ့ အထိ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များသို့ သွားရောက် ဟောပြောခြင်း ဖြစ်သည်။

Loading