ထိုင်း အာမခံ ကုမ္ပဏီတခု ဖြစ်သော မွမ်ထိုင်း (Muang Thai) အသက်အာမခံ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ် ရုံး ဖွင့်လှစ်ရန် ခွင့်ပြုချက် ရရှိသွားပြီ ဖြစ်ပြီး၊ ပြည်တွင်း အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့်ရ ၅ ခုမြောက် နိုင်ငံခြား ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။ မြန်မာ အစိုးရပိုင် အသက်အာမခံ လုပ်ငန်းနှင့် အသက်အာမခံ လုပ်ငန်း အကြံပေး အဖွဲ့က ကုမ္ပဏီ ၁၂ ခု နှင့်တွေ့ဆုံပြီး ခွင့်ပြုခြင်း ဖြစ်ကြောင်း၊ ယင်းတို့အနက်မှ ကုမ္ပဏီ ၃ ခုသည် အသက်အာမခံ လုပ်ငန်းကို ဆောင်ရွက် သွားမည် ဖြစ်ပြီး၊ ယင်း လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၇ သန်း (မြန်မာကျပ်ငွေ ၆ ဘီလီယံ) လိုအပ်မည် ဖြစ်ကြောင်း၊ ကျန်သည့် အထွေထွေ အာမခံလုပ်ငန်း အတွက် အမေရိကန် ဒေါ်လာ ၅၃ သန်း (မြန်မာ ကျပ်ငွေ ၄၆ ဘီလီယံ) လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး မတိုင်ခင် ၁၉၆၃ နှင့် ၁၉၇၀ ခုနှစ်များတွင် ပြည်တွင်းနှင့် နိုင်ငံခြား အာမခံ ကုမ္ပဏီ ၇၀ ကို လုပ်ကိုင်ခွင့် ပြုခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် အစိုးရပိုင် အသက်အာမခံလုပ်ငန်းသာ ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။