သတင်းတို
တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် ဖိတ်ကြားနိုင်ကြောင်း တရုတ်သံအမတ် ပြော
This article has been converted from Zawgyi One to Unicode
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်အစိုးရက မကြာမီ အချိန်အတွင်း တရားဝင်အလည်အပတ် ခရီး ဖိတ်ကြား နိုင်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Yang Houlan က တရုတ်နိုင်ငံထုတ် Morning Post သတင်းတရပ်တွင် ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်နိုင်ငံက တရားဝင် ဖိတ်ခေါ်ပါက တရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိကြောင်း မီဒီယာများသို့ ပြောကြားမှုများ ရှိနေပြီး၊ မကြာသေးမီကပင် NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များအား တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာ၏ ဖိတ်ခေါ်မှုဖြင့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။