သတင်းတို
ကမ္ဘောဇ လေယာဉ် တစီး အသေးစား မတော်တဆမှု ဖြစ်ပွား
This article has been converted from Zawgyi One to Unicode
ရန်ကုန်-မန္တလေး -ဟဲဟိုး သို့ ယနေ့နံနက် ၈ နာရီတွင် ထွက်ခွာမည့် ကမ္ဘောဇ လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစင်းသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြေးလမ်းပေါ်တွင် အသေးစား မတော်တဆမှု ဖြစ်ပြီး လေယာဉ် အစားထိုးပေးလိုက်ရကြောင်း ယင်း လေကြောင်းလိုင်း အထွေထွေ မန်နေဂျာ ဦးမြတ်သူက ဧရာဝတီသို့ ပြောသည်။ လေယာဉ်ဘီး ချွတ်ယွင်းမှုကြောင့် ဘီးလဲလှယ် တပ်ဆင်ရန် ပြင်ဆင် နေကြောင်း၊ ခရီးသည် ၆၆ ဦးကိုလည်း အခြား လေယာဉ်ဖြင့် ပြောင်းတင်ပေးရန် စီစဉ်နေကြောင်း သိရသည်။