သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်၊ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေး ကော်မရှင်အမှုဆောင် အတွင်းရေးမှူး Dr. Noeleen Heyzer နှင့် ယမန်နေ့က တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေးကော်မရှင် အနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး အတွက် နည်းပညာ အကူအညီ ပေးနေမှုများ၊ ဆက်လက် အကူအညီပေးရေး ကိစ္စရပ်များ၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အကျိုးရှိရှိ အကောင် အထည်ဖော် နေမှုများ ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။