သတင်းတို
မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လေတပ် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည်
This article has been converted from Zawgyi One to Unicode
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘင်္ဂလားဒေ့ရှ်လေတပ် ဦးစီးချုပ် Air Marshal Muhammad Enamul Bari,ndu,psc နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံရေး အခြေအနေများ၊ နှစ်နိုင်ငံ လေတပ်ချင်း ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။