သတင်း

မောင်တော မွတ်စလင် ၄၈ ဦး အသတ်ခံရမှု သတင်း စုံစမ်းရန် နိုင်ငံတကာ တောင်းဆိုမှု အစိုးရ ပယ်ချ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် မွတ်စလင် ၄၈ ဦး အကြမ်းဖက် သတ်ဖြတ်ခံရမှု သတင်းနှင့် ပတ် သက်၍ မြန်မာအစိုးရက တရားဝင် ငြင်းဆိုလိုက်ပြီး ယင်းသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ၏ တောင်းဆိုမှုကို လက်မခံ ဘဲ ပယ်ချလိုက်သည်။

ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးခန်းတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ က ပြုလုပ်သော ကုလသမဂ္ဂနှင့် သံတမန်များ၊ နိုင်ငံ တကာ အဖွဲ့အစည်းများကို ရှင်းလင်းပွဲအပြီးတွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဦးရဲထွဋ်က သတင်းထောက်များကို ပြောဆိုခြင်း ဖြစ်သည်။

ဒု ချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီ ၁၄ ရက်က မွတ်စလင် ၄၈ ဦး သတ်ဖြတ်ခံရသည် ဆိုသော သတင်းများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်တို့က သွားရောက်စစ်ဆေး ခဲ့သော် လည်း သတင်းများ မမှန်ကန်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း အစိုးရ တာဝန်ရှိသူများက နိုင်ငံတကာ အဖွဲ့အစည်းများသို့ ရှင်း လင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။

ယင်း မောင်တော အကြမ်းဖက် သတ်ဖြတ်မှုနှင့်ဆက်စပ်၍ အစိုးရ၏ စုံစမ်း စစ်ဆေးမှုများတွင် နိုင်ငံတကာမှ ပူးပေါင်း ပါဝင်ခွင့့်ကို အမေရိကန် သံအမတ်က တောင်းဆိုခဲ့သော်လည်း အစိုးရဘက်က ငြင်းပယ်ခဲ့သည်။

“ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုသည် ကျနော်တို့ရဲ့ ပြည်တွင်းရေး ကိစ္စဖြစ်တယ်၊ ကျနော်တို့နိုင်ငံမှာ လွတ်လပ်စွာစုံစမ်း စစ်ဆေးတဲ့ အဖွဲ့တွေ ရှိခဲ့ပြီးသား၊ ဒီအဖွဲ့နဲ့လုပ်မယ်၊ နိုင်ငံတကာကလူတွေ ပါစရာမလိုဘူး၊ သို့သော် ကျနော်တို့ရဲ့စုံစမ်းစစ်ဆေးမှုသည် ပွင့် လင်း မြင်သာမယ်၊ ကျနော်တို့တွေ့ရှိတာတွေကိုလည်း အားလုံးကိုမျှဝေမယ်လို့ ကျနော်ဖြေကြားခဲ့တယ်”ဟု ဦးရဲထွဋ်က ပြောသည်။

လတ်တလော အစိုးရ၏ စုံစမ်းစစ်ဆေးမှုများအရ မွတ်စလင်များ သတ်ဖြတ်ခံရသည်ဆိုသော သတင်းများမှာ မဟုတ်မှန်သည့်အတွက် အချက်အလက်များ သိသည်ဟုဆိုနေသော ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာ သတင်းဌာနများအနေဖြင့် ခိုင်လုံသော အထောက်အထားများရှိလျှင် အစိုးရထံသို့ တင်ပြနိုင်ပြီး အစိုးရအနေဖြင့် အရေးယူပေးမည်ဖြစ်ကြောင်း လည်း ဦးရဲထွဋ်က ဆက်လက်ပြောဆိုသည်။

ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့ (ICG) က မွတ်စလင်များ အကြမ်းဖက် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မျက်မြင်သက်သေများနှင့် မေးမြန်းထားသည့်အပြင် မှတ်တမ်းဓာတ်ပုံတချို့ကိုပါ ရရှိထားကြောင်း၊ ဇန်နဝါရီ ၉ ရက်မှ ၁၃ ရက်အတွင်း အကြမ်းဖက်ဖြစ်ရပ်များတွင် လူပေါင်း ၄၉ ဦး ဝန်းကျင် အသတ်ခံခဲ့ရသည်ဟု ယုံကြည်ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုကြောင်း ဇန်နဝါရီ ၂၆ ရက်က တရားဝင် ကြေညာချက် ထုတ်ပြန် ခဲ့ သည်။

ကုလသမဂ္ဂကမူ မောင်တော အကြမ်းဖက် သတ်ဖြတ်မှုတွင် မွတ်စလင် ၄၈ ဦး သေဆုံးခဲ့ကြောင်း အေပီ သတင်းဌာနသို့ ထုတ်ပြန် ပြောဆို ခဲ့သည်။

ဦးရဲထွဋ်ကမူ“အလောင်းတွေ မြှုပ်ထားတယ်ဆိုတဲ့ သချုႋင်းနေရာကိုလည်း ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်က ရောက်ခဲ့ တယ်၊ ကြည့် တော့ ဘာမှအသစ်မြှုပ်ထားတာ မရှိဘူး၊ သချုႋင်းကုန်း အဟောင်းကြီး ဖြစ်နေလို့ တောတွေတောင်ဖုံးနေပြီ၊ တကယ် လို့ တူးထားတယ် ဆိုရင်လည်း ခြေရာလက်ရာတွေ ရှိနေရမှာပေါ့၊ နောက်တခါ ရခိုင်သူကြီးက ဘင်္ဂါလီတွေကို ဖမ်းပြီးနှိပ်စက်တယ် ဆိုတဲ့ နေရာကိုလည်း ရောက်ခဲ့တယ်၊ အဲဒီမှာ လူမသိအောင်ဖမ်းထားလို့ရတဲ့ အဆောက်အအုံမျိုးလည်း မရှိဘူးလို့ ပြောတယ်၊ မကြာခင်မှာပဲ ဒီအဖွဲ့က ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်မှုတွေ လုပ်မယ်တဲ့”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လူမှုရေး အထောက်အပံ့များ ပေးနေသော နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF) မှ မြန်မာနိုင်ငံ တာဝန် ခံ Peter-Paul de Groote က ဇန်နဝါရီ ၁၄ ရက်က ဒဏ်ရာရသူများ အပါအဝင် လူ ၂၂ ဦး ကို MSF က ဆေးဝါး ကုသပေးခဲ့ရပြီး ဒဏ်ရာရသူများမှာ ဒုချီးရားတန်းရွာမှ ရွာသူရွာသားများဖြစ်သည်ဟု ယုံကြည်ရကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။

MSF အနေဖြင့် အမှန်တကယ် ဒဏ်ရာရရှိသူများကို ဆေးဝါး ကုသပေးခဲ့ရမှုများရှိလျှင် အစိုးရသို့ တိတိကျကျ တင်ပြ ရန်ပြောသည့်အခါ ၎င်းတို့မှ မပြနိုင်ကြောင်း၊ ပဋိပက္ခ စုံစမ်းရေး ကော်မရှင်မှ ရွာများသို့ လိုက်လံမေးမြန်းရာတွင်လည်း အဆိုပါ လူ များဆိုသည့် နာမည်နှင့်ပင် မရှိကြောင်း၊ မိမိတို့အနေဖြင့် ယခုပြဿနာကို ဖုံးဖိရန်မဟုတ်ကြောင်း၊ ပြစ်မှုကျူးလွန်သူကို ကာကွယ် ပေးရန်လည်း မဟုတ်ကြောင်း ဦးရဲထွဋ်က ပြောသည်။

“ကျနော်တို့က အဲဒီဒေသက ၂ ဘက်အသိုင်းအဝိုင်းကို ကာကွယ်ပေးရမှာ၊ ဘယ်သူကျူးလွန်၊ ကျူးလွန် ကျနော်တို့ အရေးယူမှာပဲ၊

တကယ်ထိခိုက်နစ်နာခဲ့တာက ရခိုင်လူမျိုး ရဲတပ်ကြပ် အောင်ကျော်သိန်းပဲ၊ ကျနော်တို့က သာမာန် ရာဇဝတ်မှုလေးကို ထိန်းထိန်း သိမ်းသိမ်းလုပ်နေတာမှာ တဖက်က သူတို့ကျူးလွန်တာကို ဖုံးကွယ်ချင်တဲ့အတွက် ပေါင်းလုပ်ကြတယ်”ဟုလည်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မွတ်စလင် အများစု နေထိုင်သော ဒုချီးရားတန်း ကျေးရွာသို့ အာဏာပိုင်များ လာရောက်ပြီး

မိုဘိုင်းလ်ဖုန်းများ သိမ်းယူခြင်း၊ အိမ်ထောင်စု လူဦးရေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုကို မကျေနပ် သော မွတ်စလင်များက လူစုလူဝေးဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အာဏာပိုင်များနှင့် မွတ်စလင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနောက် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်စောပိုင်းတွင် ပျောက်ဆုံးခဲ့သော ရဲတပ်ကြပ်ကြီး တဦးကို ရှာဖွေရန် စစ်သားများ၊ ရဲများနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများပါဝင်သော လူစုလူဝေးက ဒုချီးရားတန်း ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာသူရွာသားများကို တိုက်ခိုက်ကာ ပစ္စည်းများ သိမ်းယူခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

ယင်းတိုက်ခိုက်မှုအတွင်း ကလေးများ၊ အမျိုးသမီးများအပါအဝင် လူသေဆုံးသည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော Arakan Project က ဇန်နဝါရီလလယ်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading