သတင်းတို
မောင်တောမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာ စုံစမ်းရေး လက်မခံနိုင်ဟု ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြော
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် လူ ၄၀ ခန့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဦးဆောင်ကာ ကုလသမဂ္ဂ ကိုယ်စားလှယ်များ၊ နိုင်ငံခြား သံရုံးများမှ သံတမန်များအား ရှင်းလင်းပွဲကို ယမန်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်ကြောင်း သိရသည်။ ယင်း ရှင်းလင်းပွဲတွင် အမေရိကန် သံအမတ် ဒဲရစ်မစ်ချဲလ်က ဖြစ်စဉ်များအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကိုယ်စားလှယ်များ စေလွှတ်ရန် ပြောကြားရာ အဆိုပါ ဖြစ်စဉ်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းသာ ဖြစ်၍ လက်မခံနိုင်ကြောင်း ပြောဆိုသည်။