သတင်းတို

မောင်တောမြို့ ဒုချီးရားတန်း အနောက်ရွာ၌ မီးလောင်

This article has been converted from Zawgyi One to Unicode

မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာ (ဘင်္ဂါလီ) ၌ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သိရှိရသည်။ အဆိုပါရွာနေ အဘူဖွေယာ့၊ အသက် ၅၀၊ (ဘ) ကာဆိမ်း၏ နေအိမ်မှ စတင် မီးလောင် ကျွမ်းခဲ့ပြီး၊ နေအိမ်အကြီး ၄ လုံး၊ အိမ်သေး ၁၂ လုံး၊ စုစုပေါင်း ၁၆ လုံး မီးလောင် ဆုံးရှုံးသွားကြောင်း၊ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ယင်း မီးရှို့မှုနှင့်ပတ်သက်ပြီး တပ်ဦးချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ မောင်တောရဲစခန်းတွင် (ပ) ၁၉/၂၀၁၄၊ ပုဒ်မ – ၄၃၆ ဖြင့် မီးရှို့သူများအား အမှုဖွင်ထားကြောင်းနှင့် မီးလောင်မှု ဖြစ်စဉ်တွင် ရခိုင်ရွာများမရှိဘဲ ဘင်္ဂါလီရွာများသာရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

Loading