တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများမှာ လွန်ခဲ့သည့် နှစ် ၂၀ ကျော်ကစပြီး စနစ်တကျ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု အစ္စရေးသံအမတ်ကြီး Hagay Moshe Behar နှင့် ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ် ပြောကြားသည်။ တပ်မတော် အနေဖြင့် အစိုးရနှင့် အပြည့်အ၀ ပူးပေါင်းဆောင် ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အစ္စရေးသံအမတ်ကြီးက လွန်ခဲ့သည့် ၂ နှစ်ခွဲခန့်မှ စပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများတွင် အပြုသဘောဆောင် တိုးတက်လာကြောင်း ပြန်လည်ပြောကြားသည်။ ယင်းနောက် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ အလားတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး Ehsan Ullah Batth တို့ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံပြီး၊ နှစ်နိုင်ငံကြား ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း ရေးရာများ၊ ဘာသာရေးနှင့် ပတ်သက်၍ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ကိစ္စများ ဆွေးနွေးကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။