အာဆီယံနိုင်ငံများ၏ စာကြည့်တိုက် ဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ ၂ဝ၁၄ ကို ဖေဖော်ဝါရီ ၃ ရက်မှ ၄ ရက် အထိ နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ် ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယင်းနှီးနှောဖလှယ်ပွဲတွင် Library for Society, Professional Development Towards Digital Library Environment, preservation of Library Materials, Community based Library Activities စသည့် ခေါင်းစဉ်ခွဲများဖြင့် စာကြည့်တိုက် ပညာရှင် ၇ဝ ခန့်နှင့် အာဆီယံ နိုင်ငံ များမှ စာကြည့်တိုက် ကျွမ်းကျင်ပညာရှင် ၃ဝ ခန့် တက်ရောက်မည် ဖြစ်သည်။ နှီးနှောဖလှယ်ပွဲ Registration Form နှင့် Schedule ကို အမျိုးသား စာကြည့်တိုက် (ရန်ကုန်)၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) တို့တွင် ရယူ နိုင်ပြီး ဇန်နဝါရီ ၂၉ ရက် နောက်ဆုံးထား၍ ပြန်လည်ပေးပို့ ရမည် ဟုဆိုသည်။ အသေးစိတ် အချက်အလက်များ ကို ဝ၁-၆၆၂၄၇ဝ၊ ဝ၆၇-၄ဝ၈၃၈၄ နှင့် Email : lib[email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။