ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှု အဆင့်မြှင့်တင်နိုင်ရေး အမေရိကန်ဒေါ်လာ ၂ ဘီလီယံ အကူအညီများ ပေးအပ်မည်ဖြစ်ပြီး အကူအညီ ပေးအပ်ရာတွင် အကျင့်ပျက်ခြစားမှုများ ပေါ် ပေါက်ပါက အကူအညီများ ချက်ချင်းပြန်ရုပ်သိမ်း မည်ဟု ဇန်နဝါရီလ ၂၇ ရက်နေ့က သတိပေးပြောဆို လိုက်ကြောင်း ရိုက်တာသတင်းဌာန၏ သတင်းတရပ် အရ သိရှိရသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ် အကူအညီများ နှင့်ပတ်သက်၍ အကျင့်ပျက်ခြစားမှုများ ပေါ်ပေါက်ပါက အကူအညီများ ပြန်လည်ရုပ်သိမ်းမည်ဟု ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က နေပြည် တော်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ သတင်းထောက်များကို ပြောဆိုခြင်းဖြစ်ပြီး အကူအညီများကို အလွဲသုံးစားသည့် ဖြစ်စဉ်များ ကာကွယ်နိုင်ရေး စောင့် ကြည့်သွားမည်ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ဆိုသည်။
မြန်မာနိုင်ငံရှိ ကျေးလက်နေ ပြည်သူတို့၏ ၇၅ ရာခိုင်နှုန်းသည် ကျန်းမာရေးစောင့်ရှောက်မှု မရရှိ ဘဲ နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်မှာ လျှပ် စစ်မီး မသုံးစွဲနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ အဆိုအရ သိရသည်။ ကမ္ဘာ့ဘဏ်က ပေးအပ်မည့် အကူအညီ သည် ၂၀၃၀ တွင် မြန်မာနိုင်ငံသားအားလုံး ကျန်း မာရေး စောင့်ရှောက်မှုရရှိနိုင်ရေး ရည်ရွယ်ချက် အတွက် ပေးအပ်ခြင်းဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဝေခြင်းလုပ်ငန်း များ တိုးချဲ့ရန်အတွက်လည်း အကူအညီများ ပံ့ပိုး ပေးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ကြေညာချက် တွင် ဖော်ပြထားသည်။
ဆယ်စုနှစ်ပေါင်းများစွာ တံခါးပိတ်ဝါဒ ကျင့် သုံးခဲ့သော မြန်မာနိုင်ငံသည် အာဏာရှင် စစ်အုပ် ချုပ်ရေးကာလတွင် အလှူရှင် အများအပြားက မြန်မာနိုင်ငံကို ရှောင်ဖယ်ခဲ့ကြပြီး အရှေ့တောင် အာရှ၏ စီးပွားရေးအလားအလာ အကောင်းဆုံး နိုင်ငံတခု ဖြစ်ခဲ့သော်လည်း အာဏာရှင်စနစ်ကြောင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသည်။
၂၀၁၁ ခုနှစ် မတ်လတွင် စစ်တပ်က အာဏာ ကို အရပ်သားတပိုင်း အစိုးရလက်သို့ လွှဲပြောင်းပေး ခဲ့ပြီး နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်ခဲ့သည့်အတွက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံနှင့် ပြန်လည်ဆက်သွယ်ဆောင်ရွက်ခဲ့သည်။
ဂျပန်နိုင်ငံက ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ယခင် စစ်အစိုးရလက်ထက်က ပေးဆပ်ရန် ကျန်ရှိ နေသည့် ေြွကးမြီများကိုရှင်းလင်းပေးပြီး ကမ္ဘာ့ဘဏ် နှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ငွေကြေးအထောက်အပံ့ ရယူနိုင်ခွင့်ရှိစေရန် မြန်မာအစိုးရကိုကူညီပေးခဲ့သည်။
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim သည် ၂၀၁၂ ခုနှစ် ရာထူးတာဝန် ထမ်းဆောင်သည့် ပထမဆုံးနေ့တွင်ပင် အကျင့်ပျက်ခြစားမှုများ ရှိနေ သည့်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးအပ်နေ သည့် အကူအညီပေးရေးအစီအစဉ်တခုကို ရပ်ဆိုင်း ပစ်ခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော်လည်း ကမ္ဘာ့ဘဏ်၏ နှစ်ပတ်လည် စီးပွားရေးဆောင်ရွက်မှု အစီရင်ခံစာတွင် နိုင်ငံပေါင်း ၁၈၉ နိုင်ငံအနက် မြန်မာနိုင်ငံကို အဆင့် ၁၈၂ ရှိသော နိုင်ငံအဖြစ် သတ်မှတ်ထားသည်။