ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းသည့် ၁၉၅၅ ခုနှစ် အစိုးရ အိမ်ဥပစာ နှင်ထုတ်ခြင်း ဥပဒေ ပုဒ်မခွဲငယ် ၂ ပါ “ထိုသို့ ဖယ်ရှားရာတွင် သင့်လျော်လိုအပ်သည့် အနိုင်အထက်ပြုမှုဖြင့် ဖယ်ရှားနိုင်သည်” ဟူသည့် စကားရပ်ကို “ထိုသို့ ဖယ်ရှားရာတွင် လိုအပ်သည်ထက် အင်အားမသုံးရ” ဆိုသည့် စကားရပ်ဖြင့် ပြင်ဆင်ရန် အဆိုကို ကြံ့ခိုင်ရေးနှင့် တပ်မတော်သား အမတ်များက ကန့်ကွက်ကြောင်း သိရသည်။ ယမန်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် အမတ် ဦးသိန်းညွန့်က တင်သွင်းခြင်း ဖြစ်ပြီး NLD နှင့် အခြားပါတီ တချို့မှ လွတ်တော် ကိုယ်စားလှယ် ၂၂ ဦးကသာ ပြင်ဆင်ချက်ကို ထောက်ခံကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။