သတင်းတို

တယ်လီနော ကုမ္ပဏီ ဆက်သွယ်ရေး လုပ်ငန်း ကိုင်ခွင့် အတွက် သဘောတူ လက်မှတ်ရေးထိုး

This article has been converted from Zawgyi One to Unicode

နော်ဝေး အခြေစိုက် တယ်လီနော ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်း ၁၅ နှစ် လုပ်ကိုင်ခွင့် အတွက် ယနေ့ သဘောတူ လက်မှတ်ရေးထိုးကြောင်း သိရသည်။ ကုမ္ပဏီ အနေဖြင့် ၈ လအတွင်း ဝန်ဆောင်မှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ တယ်လီနော ကုမ္ပဏီက လိုင်စင်အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးဆောင်ရမည် ဖြစ်ပြီး ဒေါ်လာ ၁ ဘီလီယံ ဝန်းကျင်အထိ သုံးစွဲသွားရန် ခန့်မှန်းထားကြောင်း ရိုက်တာ သတင်းတရပ်တွင် ဖော်ပြထားသည်။ အော်ရီဒူး ကုမ္ပဏီကလည်း ၆ လအတွင်း မြန်မာနိုင်ငံ မြို့ကြီး ၄ မြို့တွင် လုပ်ငန်းများ စတင်မည် ဖြစ်ပြီး၊ ၅ နှစ်အတွင်း မြန်မာလူဦးရေ၏ ၉၇ ရာခိုင်နှုန်း သုံးစွဲနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Loading