ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာရေး ကော်မတီက လေ့လာတွေ့ရှိချက် အစီရင်ခံစာကို မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။ ကော်မတီ အနေဖြင့် အချက်အလက်များကို တည်းဖြတ်ခြင်း မဟုတ်ဘဲ စုစည်းခြင်း ဖြစ်ကြောင်း၊ အပြီးသတ် အစီရင်ခံစာတွင် တိုင်းရင်းသားအရေးက လွှမ်းမိုးနေကြောင်း၊ ဖက်ဒရယ် ကိစ္စ နှင့် သမ္မတ အရည်အချင်း သတ်မှတ်ချက်များလည်း ပါဝင် ကြောင်း အစီရင်ခံစာ ပြုစုရာတွင် ပါဝင်သည့် စိုင်းဘိုးအောင်၏ ပြောကြားချက်ကို ဘီဘီစီ သတင်းတရပ်၌ ဖော်ပြထား သည်။ အလားတူ လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းနှင့် ပြင်ဆင် ချက် ၁၇ ချက်နှင့် ပတ်သက်ပြီး ဇန်နဝါရီ ၂၉ ရက် နေ့က ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင်များ ပြန်လည် သုံးသပ် ဆွေးနွေး ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။