သတင်းတို

သမ္မတဖြစ်ခွင့် အရည်အချင်း ကန့်သတ်ချက် ဖယ်ရှားရန် ဗြိတိန် တိုက်တွန်း

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ လက်ရှိကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ သမ္မတဖြစ်ခွင့် အရည်အချင်း ကန့်သတ်ချက်များကို ဖယ်ရှားချိန်တန်ပြီ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ဒုဝန်ကြီး Hugo Swire က တိုက်တွန်း ပြောကြားသည်။ ရန်ကုန်မြို့ရှိ ဗြိတိသျှ သံရုံး၌ ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြား ခြင်း ဖြစ်ပြီး၊ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့လိုကြောင်း၊ ပုဒ်မ ၅၉ (စ) ကို မပြင်နိုင် ပါက လာမည့် ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

Loading