မြန်မာ-ဂျပန် လေကြောင်းလိုင်း သဘောတူ စာချုပ်ကို ပြင်ဆင်သည့် စာချုပ်တရပ်ကို ယမန်နေ့က ရန်ကုန်ရှိ ဂျပန်သံရုံး၌ ကျင်းပကြောင်း သိရသည်။ ပို့ဆောင်ရေး ဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Mikio Numata တို့ လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း၊ ၁၉၇၂ ခုနှစ်က ချုပ်ဆိုခဲ့သော လေကြောင်း သဘောတူစာချုပ်ကို ပြင်ဆင်သည့် စာချုပ်ဖြစ်ကြောင်း၊ စာချုပ်အရ နှစ်နိုင်ငံ အကြား လေကြောင်းလိုင်း တလိုင်းထက်ပို၍ ရှိလာမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထား သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။