၂၀၁၄ ခုနှစ် မြန်မာနေရှင်နယ် လိဂ် (MNL) အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁ ကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သိရသည်။ ဘောလုံး ပြိုင်ပွဲများကို YUSC ကွင်း၊ KBZ ကွင်း၊ မုံရွာကွင်း၊ ဗထူးကွင်း၊ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်းများတွင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ ရန်ကုန်၊ မနောမြေ၊ ကမ္ဘောဇ၊ နေပြည်တော်၊ ဇေယျာရွေမြေ၊ ဆောက်သမ်း၊ ရတနာပုံ၊ ချင်းယူနိုက်တက်၊ ချင်းပြည်နယ်မှ တန်းတက်လာသည့် GFA ၊ ဇွဲကပင်၊ မကွေး၊ ဧရာဝတီ စသည့် ၁၂ အသင်းများပါဝင်ကြောင်း၊ ၂၀၁၃ ခုနှစ် ဘောလုံးရာသီ အပြီး ၅ လကြာရပ်နားထားခြင်း ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။