သတင်းတို
အမေရိကန်အစိုးရ မြန်မာ့ရေးရာ အကြံပေးအရာရှိ မြန်မာနိုင်ငံသို့ လာရောက်မည်
This article has been converted from Zawgyi One to Unicode
အမေရိကန် အစိုးရ မြန်မာ့ရေးရာ အကြံပေးအရာရှိ Judith Beth Cefkin သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၃ မှ ၈ ရက်နေ့အထိ လာရောက်မည် ဖြစ်ကြောင်း The Financial Express သတင်းတရပ်အရ သိရသည်။ ၎င်းသည် ရန်ကုန်၊ နေပြည်တော်နှင့် အခြား မြို့ကြီးများသို့ သွားရောက်မည် ဖြစ်ကြောင်း၊ အစိုးရ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်း များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် လူ့အခွင့်အရေး အခြေအနေ ကိစ္စရပ်များ၊ နိုင်ငံတကာ ထောက်ပံ့မှုနှင့် ဒေသတွင်း ပြုပြင်ပြောင်းလဲမှု အခြေအနေများ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် ရိုဟင်ဂျာ ရေးရာကိစ္စရပ်ကိုလည်း ထည့်သွင်း ဆွေးနွေးဖွယ်ရှိသည်ဟု ဆိုသည်။