မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုနှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းတို့မှ ဇန်နဝါရီလ အတွင်း ရေထွက်ကုန် ၄၅၂၇ တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း ယနေ့ထုတ် Commerce စီးပွားရေး သတင်းဂျာနယ်တွင် ဖော်ပြထားသည်။ ယင်းကုန်သွယ်ရေး ပမာဏမှာ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉၀၁ သန်းဖိုး ရှိပြီး ယခင်လကထက် ရေထွက်ပစ္စည်း တင်ပို့မှု တန် ၃၀၀ ခန့် ပိုမိုတင်ပို့ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။