ပုဂ္ဂလိက လေကြောင်းလိုင်းတခု ဖြစ်သည့် မန်းရတနာပုံ လေကြောင်းလိုင်းသည် ပြည်တွင်း ခရီးစဉ်များကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ စတင်ပျံသန်း ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ မန္တလေး အခြေစိုက် မန်းရတနာပုံ ပြည်တွင်း လေကြောင်းလိုင်းတွင် ခရီးသည် ၇၀ ဆံ့ ATR 72-600 လေယာဉ် အသစ်များဖြင့် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုန်၊ တာချီလိတ် နှင့် မြစ်ကြီးနား မြို့များသို့ ပြေးဆွဲသွားမည် ဖြစ်ကြောင်း၊ ဆက်လက်၍ ပူတာအို၊ ဟုမ္မလင်း၊ ဗန်းမော်၊ မုံရွာ၊ ကလေးနှင့် လွိုင်ကော်မြို့များသို့ လည်း တိုးချဲ့ ပျံသန်းသွားမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်း၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။