မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် အဖွဲ့ ယာဉ်တန်းအား ဇန်နဝါရီ ၃၁ ရက် နေ့ ညနေ ၃ နာရီ ခန့်က ဖောက်ခွဲ တိုက်ခိုက်မှု ခံခဲ့ရကြောင်း တိုင်းအစိုးရနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။ ဦးရဲမြင့်မှာ ထိခိုက်ခြင်း မရှိဘဲ လုံခြုံရေး အဖွဲ့ဝင် ၁ ဦးနှင့် မန္တလေးနေ့စဉ် သတင်းစာမှ ဂျာနယ်လစ် ၁ ဦး တို့သာ ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့အား မန္တလေး အထွေထွေ ဆေးရုံကြီးသို့ တင်ထားကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုးကုတ်မှ ပြင်ဦးလွင်သို့ ယာဉ်တန်းဖြင့် သွားနေစဉ် တိုက်ခိုက် ခံရခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ စုံစမ်း ထောက်လှမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။