မြန်မာ-ဂျာမန် စီးပွားရေး ဖိုရမ်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းများ အသင်းချုပ်(UMFCCI)ခန်းမတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယင်းဖိုရမ်သို့ ဂျာမနီ စီးပွားရေးရာနှင့် စွမ်းအင်ဝန်ကြီးဌာနမှ Ms. Brigitte Zypries နှင့် စီးပွားရေး လုပ်ငန်းရှင် ၁၀၀ ခန့်ပါဝင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ စက်မှုလက်မှု၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ယင်း ဖိုရမ် တက်ရောက်လိုသူများသည် ဖုန်း – ၂၁၄၃၄၄ မှ ၂၁၄၃၄၉ အထိ၊ လိုင်းခွဲ ၁၂၂/၁၂၃ သို့ လည်းကောင်း၊ အီးမေးလ် [email protected] သို့လည်းကောင်း ဖေဖော်ဝါရီ ၅ ရက်နေ့ နောက်ဆုံးထား ဆက်သွယ်၍ စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။