ရှမ်းပြည်နယ်တွင် ခရိုင်တခု တိုးချဲ့ဖွဲ့စည်းမည် ဖြစ်ကြောင်း ယမန်နေ့ကကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် မှတ်တမ်းတင်ခဲ့သည်။ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ ဇန်နဝါရီ ၂၈ ရက်စွဲပါ သဝဏ်လွှာပေးပို့ ထောက်ခံချက် အရ ရှမ်းပြည်နယ်တွင် မူလက ခရိုင် ၁၄ ခု ရှိခဲ့ရာမှ မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့ကို စုစည်းကာ မိုးမိတ်ခရိုင် တခု တိုးလာမည် ဖြစ်၍ ခရိုင် ၁၅ ခု ရှိလာမည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။