Unity သတင်းဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်များအား နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေ အရ အစိုးရ အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍ ကမ္ဘာတဝန်း သတင်းထောက်များ ကာကွယ်ရေး ကော်မတီ (Committee to Protect Journalist – CPJ) က ချက်ချင်းလွှတ်ပေးရန် တောင်းဆိုလိုက်သည်။ မြန်မာအစိုးရသည် ယခင် စစ် အစိုးရ ကဲ့သို့ပင် အာဏာရှင် ဆန်ဆန် ပြုမူနေဆဲ ဖြစ်ကြောင်း၊ သတင်းထောက်များကို ဖမ်းဆီးမှုများ ရှိနေသရွေ့ ဒီမိုကရေစီ နိုင်ငံ တခု အဖြစ် သတ်မှတ်ရန် မဖြစ်နိုင်ကြောင်း၊ ဖမ်းဆီးမှုကို ရှုတ်ချကြောင်း CPJ တောင်းဆိုချက်တွင် ဖော်ပြထားသည်။ မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်လက်နက် ပစ္စည်းစက်ရုံကို လျှို့ဝှက် ဓာတုလက်နက် စက်ရုံဟု Unity သတင်း ဂျာနယ်က ဖော်ပြခဲ့ပြီးနောက် ဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆွေနဲ့ သတင်းထောက် ၄ ဦးကို အာဏာပိုင်များက ဖေဖော်ဝါရီ ၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။