မြန်မာနိုင်ငံ တဝန်း ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များ၏ ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ အများပြည်သူ အသုံးပြုခြင်း မရှိကြောင်း၊ ယင်းကြောင့် သတင်းအချက်အလက်နှင့် ဗဟုသုတ ပြန့်ပွားရေး လိုအပ်ချက်များ ရှိနေကြောင်း The Asia Foundation ၏ စစ်တမ်းတရပ်၌ ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန်သည့် ယင်းစစ်တမ်း ပြုစုရေး အတွက် သုတေသန ပညာရှင်များသည် နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ၁၃ ခုရှိ ကျေးရွာနှင့် ရပ်ကွက် စာကြည့်တိုက်များသို့ သွားရောက် မေးမြန်းပြီး သုတေသနပြု တင်ပြခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စာကြည့်တိုက်ပေါင်း ၅၅၇၅၅ ခု ရှိပြီး ၄၈၆၈ ခုသာ အသုံးပြုနိုင် ကြောင်း၊ ပြည်သူ ၉၇ ရာခိုင်နှုန်းက စာကြည့်တိုက်များသည် များစွာ အကျိုးရှိသည်ကို သိရှိကြသော်လည်း စာကြည့်တိုက် အသုံးပြုမှု နည်းပါးကြောင်း ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်နေ့များတွင် အာဆီယံ စာကြည့်တိုက် ဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲကို ယဉ်ကျေးမှု ဝန်ကြီးဌာနက ဦးဆောင်၍ အများပြည်သူ စာဖတ်နှုန်း တိုးမြှင့်ရေး ဆွေးနွေးလျက် ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။