Human Rights

၀န်ကြီးတချို့၏ ပြည်သူကို ရိုင်းပျစော်ကားမှု အာဏာရှင်စိတ်ဓာတ် ရှင်သန်မှုကို သက်သေပြ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သမ္မတ ဦးသိန်းစိန် ခန့်အပ်ထားတဲ့ ပြည်ထောင်စု ဝန်ကြီးတချို့က စစ်အစိုးရခေတ် အမူအကျင့်တွေကို မဖျောက် ဖျက်နိုင်ဘဲ ပြည်သူတွေကို စကားပြောဆိုရာမှာ ရိုင်းပျ စော်ကား မလေးမစား ဆက်ဆံ ပြောဆိုတဲ့ အတွက် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲနေပါတယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်ကို မကြာခဏ အရှက်ရစေခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်း တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ ပြည်သူလူထုနှင့် တွေ့ဆုံစဉ်ကလည်းကောင်း၊ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံ စဉ်က လည်းကောင်း မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က သူ့အနေ နဲ့ ဘယ်နိုင်ငံရေးသမားကိုမှ ဂရုမစိုက်ကြောင်း၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွဟု ပြောဆိုသည့် အပြင်၊ နိုင်ငံရေးအရ အစိုးရကို စော်ကားရင် တွယ်မှာပဲ ဆိုပြီး ပြောဆိုခဲ့ပါတယ်။

“ ကျနော်တို့ ခါးကြားမှာ သေနတ်ထိုးပြီးတော၊့ ပုခုံးပေါ်မှာသေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာပဲဟာ၊ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေပြောနေတာ၊ သောက်ရူးတွေပြောနေတာ မယုံနဲ့”လို့ ဝန်ကြီးဦးအုန်းမြင့်က မကွေးဒေသခံတွေကို ပြောဆိုခဲ့ပြီး လက်ရှိ အစိုးရအပေါ် စေတနာပျက်အောင် မလုပ်ဖို့နဲ့ ဘုဂလန့် မလုပ်ဖို့နဲ့ ဘုဂလန့်လုပ်မယ်ဆိုရင်တော့ ငွေကြေး အထောက်အပံ့ လုံးဝပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးဦးအုန်းမြင့်က “ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျနော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး´´ ဟူ၍ လည်းကောင်း၊ “ နိုင်ငံရေး စကားဆိုတာ တက်နေတဲ့ အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ၊ ပါးစပ်နဲ့တွယ်လို့ မရရင် အချုပ်ထဲထည့်မှာပဲ၊ နိုင်ငံတကာမှာ ဒီလိုဘဲကျင့်သုံးနေတယ်၊ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ် ထဲသွားနေ၊ ငါတို့အစိုးရ ထွက်ရင် မင်းထွက် ဒါပဲ၊ အဲဒါ မင်းတို့ တရားဝင်ဘောင်ထဲက ပြောနိုင်တဲ့ ကောင်တွေ ပြော၊ ပြောခွင့်ရှိတဲ့အတွက် ကျနော် ပြောတယ်´´ ဟုလည်းကောင်း ဒေသခံတွေကို ဒေါသတကြီးလေသံနဲ့ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးဦးအုန်းမြင့်ရဲ့ ပြောဆိုချက်တွေကို ပြည်တွင်း သတင်းစာဂျာနယ်တွေက ဖော်ပြခဲ့သလို လူမှုကွန်ရက် ဖေ့ဘုတ် စာမျက်နှာတွေမှာလည်း ဝေဖန်မှုတွေ တော်တော်များများရှိခဲ့တဲ့အပြင် နိုင်ငံရေးတက်ကြွလုှုပ်ရှားသူတချို့က ဝန်ကြီး ရာထူး ကနေ နုတ်ထွက်ပေးဖို့ အထိပါ တောင်းဆိုလာလို့ နောက်ဆုံးမှာ သမ္မတဦးသိန်းစိန်က ဦးအုန်းမြင့်ကို ခေါ်ယူ တွေ့ဆုံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ဦးအုန်းမြင့်ရဲ့ စကားတွေက လွှတ်တော်နဲ့ ပြည်သူတွေကို စော်ကားချက် ဖြစ်လို့ အရေးယူဆောင်ရွက်ဖို့ အရေးတကြီးအဆို တင်သွင်းခဲ့ပါတယ်။

ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်က ဦးအုန်းမြင့်ဘက်က ကာကွယ်ပြောဆိုခဲ့ပြီး ဦးအုန်းမြင့်ရဲ့ ပြောစကား တွေနဲ့ ပတ်သက်လို့ အချိန်ယူ စိစစ်ပါမယ်လို့ လွှတ်တော်ကို ကတိပေးခဲ့ပါတယ်။

“ ဝေဖန်မှုတွေထွက်ပေါ်နေတာ ကျနော်တို့အားလုံး သိပါတယ်။ မပြောသင့်စာလုံးတွေ လွန်လွန်ကျုးကျုးပါတာ မှန်ပါတယ်။ ဒါပေမယ့်လည်း သူရဲ့ရည်ရွယ်ချက် ကျေးရွာလူထု လိုအပ်ချက်အတွက် အကူညီပေးဖို့ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် လမ်းဘေးလက်ဘက်ရည်ဆိုင်တစ်ဆိုင်ကလူ ၁၅ ယောက်လောက်က ထွက်ပြီးတော့ ပြည်ထောင်စုဝန်ကြိးရဲ့ကားကိုတားတယ်။ ပြည်ထောင်စုဝန်ကြီးကျေနပ်စွာရပ်ပေးပြီး ဘယ်ကလဲ။ ဘာလို့လဲ၊ ဘာလုပ်ပေးရမလဲ လို့ မေးကြောင်း စတဲ့စကားများကိုလည်း ကြားကြမှာဖြစ်ပါတယ်။ အကူအညီ မပေးချင် လို့ရှိရင် ကားတောင် ရပ်ပေးစရာမလိုပါဘူး စကားပြောဆိုကြတော့လည်း ရင်းရင်းနှီးနှီး ပြောဆိုကြတာဖြစ်တယ်´´ လို့ ဝန်ကြီးဦးအောင်ကြည်က ကာကွယ်ပြောဆိုပါတယ်။

ဦးအုန်းမြင့်ကို အရေးယူဖို့ကလည်း သေချာစိစစ်ဖို့လိုတဲ့အပြင် အချိန်ပေးဖို့လည်း လိုတယ်လို့ ဦးအောင်ကြည်က လွှတ်တော်မှာ ဆက်လက်ပြောဆိုပါတယ်။

“ဖြစ်စဉ်နှစ်ရပ်စလုံးမှာ ဦးအုန်းမြင့်ဟာ သဘောရိုးနဲ့ပြောခဲ့တာလား ဒါမှှမဟုတ် ကောက်ကျစ်သော အကြံနဲ့ စေတနာမသန့်ဘဲနဲ့ ပြောတယ်ဆိုတဲ့အချက်ဟာ ဒီကိစ္စမှာ အရေးတကြီးထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ အဲဒီတော့ အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စကိုလေ့လာသုံးသပ်တဲ့နေရာမှာ ဖြစ်နိုင်သမျှတရားမျှတမှုရှိနိုင်ဖို့ အတွက် ကျနော်တို့ က အပေါ်ယံကလေးလေ့လာသုံးသပ်မလုပ်ချင်ပါဘူး။ နောက်ခံအကြောင်း တရားတွေနောက်ဖြစ်စဉ်ပေါ်ပေါက်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေ နောက်ဖြစ်စေဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွွေ နောက် နယ်မြေ ခံလူထု ပင်ရင်း စိတ်နေသဘောထားတွေ ဒါတွေကိုပါထည့်သွင်းစဉ်းစားပြီးတော့ ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မိုလို့ ဒီအတွက် ကျနော်တို့ လုံလောက်တဲ့အချိန်ပေးပါ´´လို့ ဦးအောင်ကြည်က ဆိုပါတယ်။

ဦးအုန်းမြင့် အပြင် သမဝါယမဝန်ကြီးဦးကျော်ဆန်း၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဦးမြင့်လှိုင်၊ လျှပ်စစ် ၁ ဝန်ကြီးဦးဇော်မင်း စတဲ့ ဝန်ကြီးတွေက ပြည်သူတွေကို စော်ကားတဲ့စကားတွေ မကြာခဏ ဆိုသလို ပြောဆိုခဲ့ကြသူတွေဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင် ဆိုရင်လည်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကို “ဘုန်းကြီးရူးနဲ့ လှေလူးလွှတ်တော်´´၊ “လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး ၁၀တန်း မအောင်ဘဲ လာထိုင်နေတယ်။ သူများက ထိုင်ဆိုထိုင်၊ ထဆိုထ၊ ခလုတ်နှိပ်ဆိုနှိပ်၊ ဘာမှ မသိ၊ ဘာမှနားမလည်၊ ရမ်းပြီးလုပ်တာ ” ၊“လက်ညိုးထောင်၊ ခေါင်းညိတ်လွှတ်တော်´´ လို့ ဝေဖန်ခဲ့လို့ လွှတ်တော်က ဝန်ကြီးဦးမြင့်လှိုင်ကို အယုံအကြည်မရှိအဆို တင်သွင်း ဖြုတ်ချဖို့ အထိ ဖြစ်လာနိုင်တာမို့ နောက်ဆုံး ဦးမြင့်လှိုင်က လွှတ်တော်ကို ဝန်ချ တောင်းပန်ခဲ့ပါတယ်။

ဦးမြင့်လှိုင်က လွှတ်တော်ကိုမှ မဟုတ်ပါဘူး။ လယ်သမားတွေကို အကြွေးဆပ်နိုင်အောင် ထမင်းတနပ်လျှော့စားဖို့ ဦးမြင့်လှိုင်က တိုက်တွန်းစော်ကားခဲ့လို့ “ တနပ်စား ” ဝန်ကြီးလို့ နာမည်ကြီးခဲ့ပါသေးတယ်။ လယ်သမားတွေကို စော်ကားတဲ့ စကားလုံးတွေနဲ့ ဖိနှိပ်ခဲ့ပေမယ့် အဲဒီစကားလုံးအတွက်တော့ တောင်းပန်မှု တစုံတရာ မလုပ်ဆောင်ခဲ့ပါဘူး။

နိုင်ငံတော် သမ္မတအကြံပေး ဦးကိုကိုလှိုင်ကလည်း ၂၀၁၂ ခုနှစ်တုန်းက ရန်ကုန်မြို့က ပြည်သူအချို့ လျှပ်စစ်မီး မကြာခဏပျက်လို့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တဲ့အခါ “ လျှပ်စစ်မီး သက်သာအောင် မီးပိတ်ပြီး ဖယောင်းတိုင်
ထွန်းနေကြ” လို့ ဖယောင်းတိုင် ကိုကိုလှိုင်ရယ်လို့ ပြည်သူတွေက ပျက်ရယ်ပြုခဲ့ကြပါတယ်။

ဒီလို အစိုးရဝန်ကြီးတွေ၊ အကြံပေးတွေက ပြည်သူတွေကို စော်ကားတဲ့ စကားလုံးတွေ ထွက်ပေါ်နေတာက အာဏာရှင် စိတ်ဓာတ်နဲ့ အမူအကျင့်တွေ သူတို့ဆီမှာ ရှိနေဆဲဆိုတာ သက်သေပြတဲ့အပြင် အရေးကြုံလာရင် ပြည်သူကို နှိပ်ကွပ် ဖိနှိပ်ချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်ပေါက်နေတာ မြင်သာ ထင်သာရှိစေတယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading