မြန်မာနိုင်ငံတွင် မိုးလေဝသ ခန့်မှန်းရေဒါစနစ် နှင့် မိုးလေဝသ စခန်း ၃၀ တွင် အလိုအလျောက် စောင့်ကြည့်သည့် စနစ်များ ထူထောင်ရန် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၄၀ ကူညီထောက်ပံ့မည် ဖြစ်ကြောင်း သိရသည်။ ယင်း လုပ်ငန်းစဉ်များကို ၂၀၁၄ မှ ၂၀၁၇ အတွင်း လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ခန့်မှန်း နိုင်ရေး နည်းပညာများ တပ်ဆင် အသုံးပြုနိုင်ရန် ကမ္ဘာ့ဘဏ်ကလည်း ဒေါ်လာ ၃၅ သန်း ထောက်ပံ့ပေးကြောင်း ပို့ဆောင်ရေး ဝန်ကြီး ဦးဉာဏ်ထွန်းအောင်၏ ပြောကြားချက်ကို ယနေ့ထုတ် The New Light of Myanmar သတင်းတရပ်တွင် ဖော်ပြထားသည်။ ရေဒါ စနစ်များကို ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူမြို့များတွင် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။