သတင်းတို

တရားမဝင် ကုန်ပစ္စည်းများ ကျပ် ၁၀ ဘီလီယံ တန်ဖိုး ဖမ်းမိ

This article has been converted from Zawgyi One to Unicode

နယ်စပ်ကုန်သွယ်ရေးမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၄ ဇန်နဝါရီ ၃၁ ရက်နေ့ အထိ ၁၄ လ အတွင်း တရားမဝင် အကောက် ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိမှုမှာ ကျပ် ၁၀ ဘီလီယံတန်ဖိုး ရှိကြောင်း သိရသည်။ ယင်း ပမာဏသည် ကုန်သွယ်မှု ပမာဏ တခုလုံး ၏ ၂၀ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု စခန်းများတွင် တရားမဝင် ကုန်သွယ်မှုများကို အရေးယူရန် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တာဝန်ပေး ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်ပြသည်။

Loading