သတင်းတို

စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း E-Book ရောင်းချရန် စီစဉ်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း နှင့် JAS Phone (Internet Wallet, Ltd.) တို့ ပုံနှိပ်မီဒီယာမှ အွန်လိုင်း တွင် ဝယ်ယူဖတ်ရှုနိုင်ရန် ရောင်းချခြင်း အတွက် စာချုပ် လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ကုန်သည်ကြီးများ ဟိုတယ်၊ Ballroom တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရသည်။ ယင်း အခမ်းအနားတွင် စာရေးသူ၊ ထုတ်ဝေသူ၊ ဖြန့်ချိသူများ အတွက် E-Book ရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသွားမည် ဖြစ်ကြောင်း၊ စာရေးဆရာများ၊ ထုတ်ဝေသူများ၊ ဖြန့်ချိသူများနှင့် သတင်းမီဒီယာ သမားများ တက်ရောက်နိုင်ကြောင်း သိရသည်။

Loading