တပ်မတော်က သိမ်းဆည်းထားသော မြေများအား မူလသက်ဆိုင်သူသို့ ပြန်လည်အပ်နှံလျက်ရှိရာ မြေဧက ၂ သိန်း ၉ ထောင်ကျော် စွန့်လွှတ်ပေးခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ပထမအကြိမ်တွင် မြေ ၅၄၂၅၅ ဒသမ ၀၀၃ ဧကကို လည်းကောင်း၊ ဒုတိယအကြိမ်တွင် မြေ ၁၅၄၈၉၂ ဒသမ ၁၀၂ ဧကကို လည်းကောင်း ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနမှလည်း မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။