မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် အဖြစ် အေဗရာမိုဗစ်(ဆာဘီးယား)၊ လက်ထောက်နည်းပြအဖြစ် ဆီကိုဗစ် (ဆာဘီးယား) နှင့် ဂိုး နည်းပြ ဒီနို (ဆာဗီးယား)တို့ကို တနှစ်ခွဲသက်တမ်းရှိ စာချုပ် ချုပ်ဆို ခန့်အပ်ကြောင်း သိရသည်။ ယင်း စာချုပ် ချုပ်ဆိုပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆီဒိုးနား ဟိုတယ်တွင် ကျင်းပခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အမှာစကားပြောကြားကြောင်း၊ မြန်မာအသင်းအနေဖြင့် မေလအတွင်း ၌ AFC Challenge Cup ပြိုင်ပွဲကို ယှဉ်ပြိုင် ရမည် ဖြစ်ရာ အေဗရာမိုဗစ်၏ ပွဲဦးထွက် ပွဲဖြစ်လာမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။