သမ္မတ ဦးသိန်းစိန် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်နှင့် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့(HRW)မှ Mr. David Matthison (Asia Division, Myanmar)၊ Mr. Brad Adams (Asia Division,London)၊ Mr. Phil Robertson (Asia Division, Bangkok )တို့နှင့် ယမန်နေ့က တွေ့ဆုံကြောင်း သိရ သည်။ ယင်းသို့ တွေ့ဆုံရာတွင် သမ္မတက အစိုးရသစ် တာဝန်ယူပြီး နောက်ပိုင်း ကုလသမဂ္ဂ၊ လူ့အခွင့်အရေး ကော်မရှင်၊ လူ့အခွင့် အရေး ကောင်စီတို့နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံလျက်ရှိပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက်လို သည်ဟု ပြောကြားကြောင်း၊ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ၎င်းတို့အဖွဲ့သည် နိုင်ငံပေါင်း ၉၀ တွင် အလုပ်လုပ် ကိုင်လျက်ရှိကြောင်း၊ လွန်ခဲ့သည့် ၂ နှစ်ခွဲ ကာလအတွင်း မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ဆိုင်ရာနှင့် ပတ်သက်၍ တိုးတက်လာသည် ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီလိုကြောင်း ဆွေးနွေးသည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။