အရင်ထက်စာရင် ပွင့်လင်းလွတ်လပ်လာပြီ ဆိုပေမယ့် အခုအချိန်အထိ Gay လို့ခေါ်တဲ့ မိန်းမစိတ်နဲ့ ယောက်ျားတွေကို လူ့အသိုင်းအဝိုင်း လူ့ဝန်းကျင်မှာ လက်ခံမှု အားနည်းနေဆဲပဲ ရှိပါသေးတယ်။ ဒါပေမယ့် အဲဒီလို လက်ခံမှု အားနည်းနေတဲ့ အကြားက သူတို့ဘဝကို သူတို့ ကြံ့ကြံ့ခံ ရပ်တည်ပြီး ပျော်ရွှင်အောင်မြင် နေသူတွေလည်း အများကြီးပါ။ တချို့က ငယ်စဉ် ကတည်းက မိန်းကလေး တယောက်လို ဝတ်စားနေထိုင်ပြီး မိန်းမ ဖြစ်ချင်စိတ်ရှိသူတွေ ဖြစ်သလို၊ အကြောင်း အမျိုးမျိုးကြောင့် လိင်တူချစ်သူ ဖြစ်လာ သူတွေလည်း ရှိပါတယ်။ တကယ်တော့ သူတို့ထဲက အများစုဟာ အခုအချိန်မှာ ထင်ပေါ်ကျော်ကြား အောင်မြင်သူ အနုပညာရှင်များရဲ့ နောက်ကွယ်ကနေ ဖန်တီး ပြင်ဆင်ပေးရတဲ့ မိတ်ကပ်အလှ ဖန်တီးရှင်၊ ပညာရှင်များ ဖြစ်ကြပြီး သူတို့ရဲ့ အခန်းကဏ္ဍကလည်း အနုပညာ လောကအတွက် မပါမဖြစ် အဓိက ကျလာပါတယ်။ တချို့ကတော့ မိတ်ကပ် ပညာရှင်ဘဝမှာ အမျိုးသမီးနဲ့ တူအောင် ခွဲစိတ်ပြုပြင်မှုတွေ လုပ်လာကြပါပြီ။ ခွဲစိတ်ပြုပြင်မှုလို့ ဆိုရာမှာတော့ မျက်နှာပိုင်း ဆိုင်ရာ ခွဲစိတ်ပြုပြင်မှု၊ ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ ခွဲစိတ်ပြုများနဲ့ လိင်ပိုင်းဆိုင်ရာ ခွဲစိတ်ပြုပြင်မှုများ ဆိုပြီး ရှိပါတယ်။ သူ့ကိုယ်သူ She Male လို့ သတ်မှတ်ထားပြီး ရင်သားခွဲစိတ်မှု ပြုလုပ်ထားတဲ့ မိတ်ကပ်ပညာရှင် ထက် (Pop Soul) ဟာ လတ်တလော သူ့ရဲ့ လှပကျော့ရှင်းတဲ့ ဓာတ်ပုံတွေကြောင့် Facebook စာမျက်နှာထက်မှာ လူသိများ ထင်ရှားနေပါတယ်။ သူဟာ ကိုဥက္ကာထက် ဆိုတဲ့ ယောက်ျားဘဝကနေ လိင်အင်္ဂါခွဲစိတ်မှု ခံယူပြီး မထက်အဖြစ်ခံယူဖို့ ပြင်ဆင်နေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ She Male ဘဝ ခံယူပုံနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် မြတ်သူအောင်က ပွင့်ပွင့်လင်းလင်း တွေ့ဆုံ မေးမြန်း ထားသမျှ ဖော်ပြပေးလိုက်ပါတယ်။
မေး။ ။ မထက်ကို အခုနောက်ပိုင်း လူတွေတော်တော်များများ စိတ်ဝင်စားလာတာ ဘာကြောင့်လို့ထင်လဲ။
ဖြေ။ ။ ပိုပြီး ထူးခြားတာတော့ မဟုတ်ပါဘူး၊ ထက်ကတော့ အလုပ်မှာ အရင်ကထက်ပိုပြီး ကြိုးစားတဲ့အတွက်၊ ပိုပြီး အသိအမှတ် ပြုပေးတဲ့အတွက် အရမ်းဝမ်းသာတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ Gay တဦး ဖြစ်လာတဲ့အတွက် မထက်ရဲ့ ခံစားမှုက ဘယ်လိုရှိလဲ။
ဖြေ။ ။ ဒါကတော့ ဖြစ်လာတဲ့အပေါ်မှာပဲ ပျော်ပါး သွက်လက်စွာနဲ့ နေထိုင်ရှင်သန်မယ်၊ လက်မခံနိုင်တဲ့ သူတွေကိုလည်း အပြစ်လို့ မမြင်ပါဘူး။ ကိုယ်ဖြစ်နေတဲ့ ဘဝမှာ အကောင်းဆုံး ပျော်ရွှင်စွာပဲ ရပ်တည် နေထိုင်သွားမှာပါ။ ကိုယ်လိုချင်တဲ့ နေရာတနေရာ ရဖို့ ကြိုးစားတက်လှမ်းနေတဲ့ အချိန်မှာ အားလုံးက လက်ခံလာတဲ့အတွက် ပျော်ဖို့ကောင်းတယ်၊ ပညာအရ လက်ခံလာသလို လူကိုလည်း လက်ခံလာတဲ့အတွက် အရမ်းပျော်ပါတယ်။
မေး။ ။ Gay တွေမှာ လိင်တူချင်း ချစ်သူ ဖြစ်ကြတယ်ဆိုတော့ မထက်ရဲ့ စိတ်ခံစားမှုက အဲဒီအပေါ်မှာ ဘယ်လိုရှိသလဲ။
ဖြေ။ ။ လူတွေက စိတ်ခံစားချက်အသီးသီးရှိတဲ့ အထဲမှာမှ လိင်တူချင်း ချစ်ကြိုက်မိကြတယ်၊ ထက်ဆိုရင် ခန္ဓာကိုယ် အရသာ အမျိုးသား ဖြစ်တယ်၊ စိတ်နဲ့ပုံပန်းသဏ္ဍာန်က မိန်းမတယောက် အဖြစ် ခံယူထားတဲ့ သူအနေနဲ့ကတော့ လိင်တူချင်း ပေါင်းဖက်တာကို လိုချင်တာပဲ။ Gay အားလုံးလည်း အဲဒီလို ဖြစ်ချင်မှာပဲလေ။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ မကျေနပ် ချက်တွေ၊ သဘာဝကို ဆန့်ကျင်တယ်လို့ မြင်တဲ့သူတွေကြားမှာ ရုန်းကန်လှုပ်ရှားရင်းနဲ့ပဲ ရရှိလာရင်တော့ ပျော်စရာ ကောင်းမယ် လို့ထင်ပါတယ်။
မေး။ ။ Gay တယောက်ကို မြန်မာ့ လူ့အသိုင်းအဝိုင်းက လက်သင့်မခံနိုင်သေးကြတဲ့အပေါ် မထက် ဘယ်လို ပြောချင်လဲ။
ဖြေ။ ။ ဒါကတော့သူ့နိုင်ငံ၊ သူ့ယဉ်ကျေးမှု၊ သူ့အတွေးအခေါ်၊ သူ့အမြင်တွေ အပေါ်မှာ မူတည်ပါလိမ့်မယ်။ ရှေးရိုးစွဲသူတွေ၊ လူကိုလူလို့ လက်ခံတာထက် စည်းဘောင်တွေ တင်းကျပ်စွာ လက်ခံထားတဲ့သူတွေ အတွက်ကတော့ ပြင်းထန်တဲ့သဘာ၀ ကွဲလွဲမှုကို လက်ခံနိုင်မှာတော့ မဟုတ်ဘူးပေါ့နော်။ လူတိုင်းမှာ ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်ဆိုတော့ ဒါကအပြစ်ရယ် လို့လည်း မဟုတ်ဘူး ထင်ပါတယ်။ ကိုယ့်ကို လက်ခံနိုင်တဲ့ အသိုင်းအဝိုင်းမှာ ပျော်ပိုက်အောင် နေထိုင်ရှင်သန်မယ်လို့ပဲ တွေးထားတယ်။ ဘယ်တတ်နိုင်ပါ့မလဲ။
မေး။ ။ ယောကျာ်ဘဝဖြစ်တဲ့ ဥက္ကာထက်နဲ့ မိတ်ကပ်ပညာရှင် Gay ဘဝဖြစ်တဲ့ မထက်ဘ၀ ဘာတွေ ကွာခြားသွားလဲ။
ဖြေ။ ။ အရင်တုန်းကလည်း Gay တယောက်အနေနဲ့ပဲ ရပ်တည်လာတယ်၊ ယောကျာ်လိုဝတ်တဲ့ Gay တယောက်ပေါ့နော်။ အခုကတော့ မိန်းမလိုပြုပြင်နေထိုင် ဝတ်ဆင်တဲ့ She Male ပေါ့၊ အခုလိုနေတဲ့ဘဝမှာ ပိုပြီးအိန္ဒြေသိက္ခာ ရှိအောင်ရယ်၊ လူအများအမြင် သင့်တော်အောင်ရယ် နေတယ်။ မြန်မာပြည်မှာနေတော့ ပိုပြီး ထိန်းထိန်းသိမ်းသိမ်း နေရတာပေါ့။
မေး။ ။ မထက်က Facebook မှာ ကော်မန့်တွေ လာရေးရင်လည်း ပွင့်ပွင့်လင်းလင်း ပြန်ဟြေတာ တွေ့တယ်၊ ဥပမာ ဟြေရရင် ဟယ် … ဒါ အခြောက်ကြီးလားလို့ တယောက်ကမေးတာကို မထက် ပြန်ရေးပြီး ဖြေထားတာက ဟုတ်ကဲ့ အခြောက် စစ်စစ်ပါရှင့် ဆိုပြီး ပြန်ဖြေထားတယ်နော်။
ဖြေ။ ။ ဟုတ်တယ်၊ ထက်ရဲ့ ဘဝမှာ Gay ဆိုတာကို လက်ခံနိုင်လာပြီး ကတည်းကပေါ့၊ နောက်ပြီး ထက်က ကြီးမှ ဖြစ်တာမဟုတ်ဘူး၊ မွေးရာပါ မိန်းမစိတ်နဲ့ Gay ဖြစ်နေတာလေ။ ဒါကို ကိုယ်တိုင် လက်ခံနိုင်တာရှိသလို လက်မခံနိုင်တာ ရှိတယ်။ ထက်ကဒါကို လက်ခံလာနိုင်တဲ့ အချိန်မှာ ရှက်စရာ မဟုတ်သလို၊ သူများပစ္စည်း ခိုးတာလည်း မဟုတ်ဘူး၊ အကျင့်စာရိတ္တ ဖောက်ဟြးတာ မဟုတ်ဘူး၊ ကိုယ့်ဘဝမှာ ဖြစ်လာတာကို ကြိုးစားနေထိုင်တယ်။ အဲဒါကြောင့် ပွင့်လင်း ရိုးရှင်းစွာ ဖြေကြားတယ်၊ စိတ်ထဲမှာ ထူးထူးထွေထွေလည်း မရှိဘူး။
မေး။ ။ မထက် ခွဲစိတ်မှုတွေလည်း လုပ်ထားတယ်ဆို၊ အဲဒါတွေရဲ့ရလဒ်က ဘယ်လိုဖြစ်လာလဲ။
ဖြေ။ ။ ဟုတ်တယ်၊ မိန်းမတယောက်လို ဝတ်ဆင် နေထိုင်တဲ့အခါကျတော့၊ ခွဲစိတ်မှုတွေ လုပ်လိုက်တော့ ပိုပြီး ယုံကြည်မှုတွေ ရှိတဲ့ဘဝကို ရစေတယ်၊ အလှတရားတွေ ရရှိလာစေတယ်။ ပုံမှန်ထက် ပြုပြင်ခွဲစိတ်ထားတယ် ဆိုတာက အတုဆိုပေမယ့် ပိုပြီးတော့လှပတယ်၊ မိန်းကလေးတွေရဲ့ အားကျမှုကိုတောင် ရရှိတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။
မေး။ ။ ရင်သားခွဲစိတ်တာက ဘယ်လောက်ကြာပြီလဲ။ နေရထိုင်ရတဲ့ ခံစားမှုက သက်တောင့်သက်သာ ရှိရဲ့လား။
ဖြေ။ ။ တနှစ်လောက်ရှိပါပြီ။ အရမ်းကို သက်တောင့်သက်သာပါပဲ။ ဒါကိုမလုပ်ခင် ကတည်းက Safe ဖြစ်မယ့် ဆေးရုံကို ရှာတယ်၊ ဆရာဝန်ကို ရှာတယ်၊ သေချာစုံစမ်း လေ့လာပြီးမှ လုပ်ခဲ့တာဆိုတော့ အကျိုးရလဒ်က အရမ်းကိုကောင်းပါတယ်။ တသက်လုံး ဒီအတိုင်းနေသွားလို့ ရပါတယ်၊ ဘာမှမဖြစ်ပါဘူး။
မေး။ ။ ဒီလိုခွဲစိတ်ပြီးမှ ယုံကြည်ချက် ပိုရှိလာတယ်လို့ ဆိုလိုတာလား။
ဖြေ။ ။ ဟုတ်ပါတယ်၊ နောက်ပြီး ထက်ကိုသိတဲ့ Facebook ပရိသတ်တွေရော၊ သူငယ်ချင်းတွေရော လှလို့ ချစ်ပြီး လာ အားပေးတော့ အလုပ်လည်း ပိုတွင်ကျယ်လာတယ်၊ ထက်က ကြော်ငြာအား မကောင်းလို့ မကြော်ငြာနိုင်ပါဘူး။ လူကိုရော၊ အလုပ်ကိုရော လက်ခံပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။
မေး။ ။ နောက်ပြီး မထက် လိင်အင်္ဂါဟြေင်းဖို့ စိတ်ဆန္ဒရှိတယ်ဆို။
ဖြေ။ ။ ဟုတ်တယ်၊ အဲဒီလို လုပ်ဖို့ အပြည့်အ၀ စိတ်ဆန္ဒရှိပြီးသားပါ။ ငွေရေးကြေးရေး အခက်အခဲကြောင့်သာ မလုပ်ဖြစ် သေးတာပါ။ ထက် လိင်ဟြေင်းတဲ့ကိစ္စ လုပ်မှာက ပိုက်ဆံတော်တော်သုံးပြီး၊ အရမ်းစိတ်ချရပြီး အရမ်းဈေးကြီးတဲ့ ဆေးရုံမှာ သေချာမေးထားတယ်။ ငွေကြေးလည်း စုနေသလို လုပ်ဖို့သေချာလည်း စုံစမ်းထားတယ်။
မေး။ ။ လိင်ခွဲစိတ်ပြီးရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်မယ် ဟြေလဲ။
ဖြေ။ ။ လိင်ခွဲစိတ်ပြီးရင် အနည်းဆုံး ခြောက်လ၊ တနှစ် သွားသွားလာလာ လှုပ်လှုပ်ရှားရှား လုပ်လို့မရဘူး။ အဲဒီလိုဆိုတော့ ကိုယ့်လုပ်ငန်း ကိုယ့်အခြေအနေကို ကြည့်ခြင်းအားဖြင့် ကိုယ်ဖြစ်ချင်တာထက်၊ အချိန်နည်းနည်း စောင့်ရမယ့် သဘောမို့ စောင့်နေတာပါ။
မေး။ ။ မြန်မာနိုင်ငံမှာ မထက်က ပထမဆုံး လိင်ခွဲစိတ်တဲ့သူလို့ ဟြေနိုင်မလား။
ဖြေ။ ။ အဲဒီလို မဟုတ်ပါဘူး။ လိင်ခွဲစိတ်ထားတဲ့ သူတွေရှိတယ်လို့ ကြားတယ်။ အမည်မဖော် ကြတာပဲလား၊ လူတွေ စိတ်ဝင်စားမှု အားနည်းကြတာ ကြောင့်လားတော့ မသိပါဘူး။
မေး။ ။ အသက်ကြီးမှ လိင်ခွဲစိတ်တာ မဖြစ်နိုင်ဘူးလို့ ကြားဖူးတယ်၊ ဟုတ်လား။
ဖြေ။ ။ အဲဒီလို မဟုတ်ပါဘူး၊ အသက်ကြီးမှ ခွဲစိတ်လည်း ရပါတယ်။
မေး။ ။ မိဘတွေကရော ဘာဟြေလဲ။
ဖြေ။ ။ အမေကတော့ မေးတယ်၊ နင်ခွဲစိတ်ရင်းနဲ့ သေသွားရင် ဘယ်လိုလုပ်မလဲတဲ့။ ထက်က အမေ့ကို ဟြေလိုက်တယ်၊ သေသွားတော့လည်း သေသွားတယ် ပေါ့လို့၊ ကိုယ်ဖြစ်ချင်တာ တခုကို သေချာစဉ်းစား ဆုံးဖြတ်တယ်၊ ဘယ်တော့မှ နောက်ဆုတ်လေ့ မရှိဘူး။ နောင်တဆိုတာ တတ်နိုင်သမျှ မရှိအောင်လုပ်ထားတယ်။ ကိုယ်မှားခဲ့ရင်လည်း အဲဒီအမှားကို ခံယူမယ်၊ အဲဒီအတွက်ကြောင့် လုံး၀ မကြောက်ဘူး၊ ထက်က ဆုံးဖြတ်ချက် ခိုင်မာအောင်ချပြီးမှ လုပ်တတ်တယ်လေ။ ဒီကိစ္စမှာ ပိုပြီး ဆုံးဖြတ်ချက် ခိုင်မာတယ်၊ ပိုပြီးတွေးထားတယ်။
မေး။ ။ မထက် ဘယ်တော့လောက် လိင်ခွဲစိတ်မှုလုပ်မလဲ။
ဖြေ။ ။ အိမ်မှာ တိုင်ပင်ထားတာတော့ အဖေကတော့ မလုပ်စေချင်သေးဘူး။ နောက်တနှစ်ကျော် လောက်မှ လုပ်စေ ချင်တယ်။ ထက်ကတော့ နောက်နှစ်လောက် လုပ်ချင်တယ်။ အရင်ကတော့ အသက် သိပ်မကြီးခင် လုပ်မယ်ပေါ့။ ၃၅ နှစ် မကျော်ခင်ပေါ့။ အခုက ၃၂ နှစ် ရှိပြီလေ။ အခုတော့ အသက်လေးဆယ်မှ လုပ်လည်းရတာပဲ။ ကိစ္စမရှိဘူး၊ ဒီအရာကို သိပ်အရေး ကြီးတယ်လို့တော့ မခံစားထားဘူး။
မေး။ ။ မိန်းမလိုဟြေင်းပြီး နေထိုင်ဖို့ ရင်သား မခွဲစိတ်ခင် ဘာတွေလုပ်ခဲ့ရလဲ။
ဖြေ။ ။ ရင်သားမခွဲစိတ်ခင် ဟော်မုန်းဆေးတွေ စားရတယ်။ အဲဒီလိုစားရင် မိန်းမလို အဆက်အပေါက်တွေ ဟြေင်းလာမယ်လို့ ဆရာဝန်က ဟြေတယ်၊ စာမေးပွဲတွေ ဖြေရတယ်၊ ပြီးတာနဲ့ မိန်းမလို တန်းပြီး ဝတ်စားဆင်ယင် လိုက်တော့တယ်။
မေး။ ။ ယောကျာ်ပုံနဲ့ နေရာကနေ မိန်းမလို ဟြေင်းလဲဝတ်ဆင် လိုက်တော့ ဟယ် … နတ်ရေကန်ထဲ တွန်းချလိုက် သလိုပဲလို့ ဝေဖန်ဟြေတဲ့သူတွေ ရှိတော့ ဘာဟြေချင်လဲ။
ဖြေ။ ။ ဘာမှ မဟြေချင်ပါဘူး။ လူတိုင်းမှာ ဝေဖန်ပိုင်ခွင့်ရှိပါတယ်။ အဲဒီအတွက် ဘယ်လို ခံစားမှုမှ မရှိပါဘူး။
မေး။ ။ ဒါဆို လက်ရှိဘဝမှာ ပျော်နေတာလား။
ဖြေ။ ။ ပျော်နေတာပေါ့၊ ကိုယ်ဖြစ်ချင်တာ၊ လုပ်ချင်တာတွေကို လုပ်ခွင့်ရလာတယ်။ လုပ်ပိုင်ခွင့် ရှိလာတဲ့အတွက် ပျော်ပါတယ်။
မေး။ ။ ယောကျာ်ထုကို ဘာဟြေချင်လဲ။
ဖြေ။ ။ ထက်လို She Male တယောက်ကို အရင်ထက်စာရင် လက်ခံပေးတယ်၊ ဝေဖန်အကြံပေးတယ်၊ လက်ခံ ပေးလာနိုင်တဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဒီထက် အမြင်ကျယ်ပြီး လူသားတယောက်လို ပိုပြီး ဆက်ဆံ နိုင်ပါစေလို့ ဆုတောင်းပါတယ်။