အမေရိကန် က အသေးစား ထောက်ပံ့မှုပေးရန် စီစဉ်
This article has been converted from Zawgyi One to Unicode
အမေရိကန် အသေးစား ထောက်ပံ့မှု အစီအစဉ်သို့ လျှောက်ထားနိုင်ကြောင်း အမေရိကန် သံရုံးက ကြေညာချက် ထုတ်ပြန်ထား သည်။ လူငယ်နှင့် အမျိုးသမီးများအတွက် အဓိက ရည်ရွယ်သည့် ယင်းအစီအစဉ်သို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အနေဖြင့် စီးပွားရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ကောင်းမွန်သော အုပ်ချုပ်မှု၊ ဥပဒေစိုးမိုးရေး၊ ပညာရေး စသည့် လုပ်ငန်းများနှင့် ပတ်သက် သည့် ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ အတွက် အသုံးပြုနိုင်ကြောင်း၊ နိုင်ငံရေး လှုပ်ရှားမှုပုံစံဖြင့် ဆောင်ရွက်ခြင်း မပြုရန် သတ် မှတ်ထားကြောင်း၊ လုပ်ငန်းဆောင်ရွက်မည့် စီမံချက် ရေးဆွဲ၍ မတ် ၃ ရက်နေ့ နောက်ဆုံး လျှောက်ထားရမည် ဖြစ်ကြောင်း သိရ သည်။ အမေရိကန် ဒေါ်လာ ၂၀၀၀၀ အထိ ရနိုင်သော ယင်း အစီအစဉ်အတွက် ရွေးချယ်ခံရသူများကို ဧပြီလ နောက်ဆုံးပတ်တွင် ကြေညာမည် ဖြစ်သည်။ ဒုတိယအကြိမ် ထောက်ပံ့မှုကို ဇွန်လနှင့် ဇူလိုင် လ များတွင် ဆောင်ရွက်မည် ဖြစ် သည်။