သတင်းတို

ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး နေပြည်တော်တွင် ကျင်းပမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တတိယအကြိမ် ဘင်္ဂလား ပင်လယ်အော်ဒေသ အတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အစီအစဉ် (BIMSTEC) ထိပ်သီး အစည်းအဝေးကို မတ်လ ၁ ရက်မှ ၄ ရက်နေ့ အထိ နေပြည်တော်တွင် ကျင်းပမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ပါရှိသည်။ မြန်မာနိုင်ငံသည် ဘင်းမ်စတက် ဥက္ကဋ္ဌ အဖြစ် ၂၀၀၉ ခုနှစ်မှ စ၍ တာဝန်ယူခဲ့ကြောင်း၊ တတိယအကြိမ် အစည်းအဝေး ကျင်းပရန် ၂၀၁၂ နှင့် ၂၀၁၃ တို့တွင် ၅ ကြိမ်ကြိုးပမ်းခဲ့သော်လည်း သဘောတူညီမှု မရခဲ့ကြောင်း၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူသည့် ယခုနှစ်တွင် ဘင်းမ်စတက် နှင့်ဆက်စပ် အစည်းအဝေးများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရ သည်။ ပထမအကြိမ် ဘင်းမ်စတက် အစည်းအဝေးကို ၂၀၀၄ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်၌ လည်း ကောင်း၊ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၁၃ တွင် အိန္ဒိယနိုင်ငံ နယူးဒေလီ၌ လည်းကောင်း ကျင်းပခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading