မောင်တောမြို့နယ်တွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခများ အဖြစ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် ကော်မရှင် တရပ်ကို ယမန်နေ့က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ယင်း ကော်မရှင်တွင် ဒေါက်တာသာလှရွှေက ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး အဖွဲ့ဝင် ၁၀ ဦးပါဝင်ကြောင်း သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် ၁၆/၂၀၁၄ ဖြင့် ထုတ်ပြန်ထားသည်။ ဇန်နဝါရီ ၁၃ ရက်နေ့၌ ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီးသေဆုံးမှု၊ ဇန်နဝါရီ ၂၈ ရက်၌ ဒုချီးရားတန်း (အနောက်) ကျေးရွာ မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်း၊ အဆိုပါ မီးလောင်သည့် ဖြစ်စဉ်ကို မမှန် သတင်းထုတ်လွှင့်မှု၊ ဖြစ်စဉ်များကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ပျက်စီးဆုံးရှုံးမှု အခြေအနေ၊ ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်သင့်သည့် အကြံပြုချက်များ၊ သုံးသပ်ချက်များနှင့် တကွ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အရောက် တင်ပြရမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။