Crime

တွံတေးက လယ်မြေ သိမ်းဆည်းခံ လယ်သမားများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်မှ လယ်မြေ သိမ်းဆည်းခံ လယ်သမား ၂၀ က ၎င်းတို့၏ လယ်မြေများ ပြန်လည်ရရှိရေး နှင့် နစ်နာကြေးများ ရရှိရန်အတွက် ယနေ့ ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

ယင်း လယ်သမားများမှာ ခတ္တိယ ကျေးရွာအုပ်စု၊ ရွာတန်းရှည် ဦးချိတ်စုနှင့် ဗောဓိကုန်း ကျေးရွာများမှ ဖြစ်ပြီး ၎င်းတို့၏ လယ်မြေ

များကို ၂၀၀၀-၂၀၀၁ ခုနှစ်ခန့်က ရန်ကုန်တိုင်း စစ်ဌာနချုပ် တွံတေး တပ်ရင်း (၇၀)က တာဝန်ရှိသူတဦး ဖြစ်သည့် တပ်ကြပ် ကြီး တင်ဝင်းက တဧကလျှင် ၂၅၀၀၀ ကျပ်နှုန်းဖြင့် လယ်ယာမြေ ဧက ၁၇၀ ခန့်ကို အဓမ္မ ဝယ်ယူ သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း လယ်သမားများက ပြောပြသည်။

ဗောဓိကုန်းကျေးရွာနေ လယ် ၁၂ ဧက ပိုင်ရှင်ဖြစ်သူ ဒေါ်နော်အဲဗရီမိုးက“သူတို့ တိုင်လာစိုက်တယ်၊ စစ်သားတွေလာတယ်ဆို ကျမ တို့ကကြောက်တယ်၊ သူတို့က လယ်သိမ်းသွားတယ်၊ လျော်ကြေးရယ်မဟုတ်ဘဲ တဧကကို နှစ်သောင်းခွဲ ၊ နှစ်သောင်းရှစ်ထောင် နဲ့ပေးတယ်၊ ကျမတို့က မရောင်းချင်ဘူး၊ ကိုယ့်လယ်ကလုပ်လို့ ဖြစ်နေတော့ သူတို့က မရောင်းလည်း သိမ်းမှာဘဲ၊ ငွေယူရင်ယူ မယူ ရင်လည်း သိမ်းမယ့်ပုံနဲ့ဆိုတော့”ဟု ပြောသည်။

လယ် ၇ ဧက သိမ်းဆည်းခံထားရသည့် ဒေါ်နော်ဆာထူးကလည်း လယ်အစား ပြန်လိုချင်သော်လည်း ထိုက်တန်သည့် တန်ဖိုးဖြင့်

သတ်မှတ်၍ ပေးစေချင်သည်ဟု ပြောဆိုသည်။

ဒေါ်နော်ဆာထူးက“ကျမရဲ့ လယ် ၇ ဧက ပါသွားတယ်၊ အခု အသိမ်းခံထားရတဲ့လယ်တွေ ပြန်ရတာမျိုးရှိတော့ ကျမတို့လည်း မျှော်လင့်တာပေါ့၊ လိုချင်တာကတော့လယ်ပဲပြန်လိုချင်တာပေါ့၊ အခုတော့ လယ်တွေက ကန်တွေဖြစ်နေပါပြီ၊ နိုင်ငံတော်က ထိုက်ထိုက် တန်တန်နဲ့ ပြန်ပေးရင်တော့ အကောင်းဆုံးပေါ့နော်”ဟု ပြောသည်။

ထို လယ်ယာမြေများကို ၁၉၇၁ ခုနှစ်မှစတင်၍ မြေလွတ်မြေရိုင်းများကို ပြုပြင်ပြီး စပါးများစိုက်ပျိုးလာခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၇၅ ခု နှစ် နောက်ပိုင်းတွင် လယ်ယာမြေစာရင်းဝင်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လယ်ယာမြေ စာရင်းဝင်ပြီးနောက်ပိုင်း နှစ်စဉ်အခွန်များ ပေးသွင်းခြင်း၊ အစိုးရသို့ တာဝန်ကျေစပါးများ သတ်မှတ် နှုန်း ထား အတိုင်း ရောင်းချပေးခဲ့ခြင်းများ ရှိခဲ့သည်ဟု ဆိုသည်။

ရွာတန်းရှည် ဦးချိတ်စု ကျေးရွာနေ လယ် ၅ ဧက ပိုင်သူ ဦးချူက “လာပြီးတော့ အဓမ္မသိမ်းတဲ့သဘောပါပဲ၊ မရရင်လည်းသိမ်းမှာပဲ၊ ရလည်းသိမ်းမှာပဲ ဆိုတော့ သူတို့ပေးသရွေ့ပဲ ကိုယ်က ယူထားလိုက်တာ၊ မယူထားရင်လည်း အဲဒီ အချိန်တုန်းက စားစရာမရှိဘူး၊ အရင် အသိမ်းခံခဲ့ရတဲ့နှစ်ကဆို စပါးတင်း ၂၈၀ လောက်ရတယ်၊ အခုတော့ လက်လုပ်လက်စားပဲ၊ ကြွေးမြီတွေ ဖြစ်ပြီး သမီးလေး တောင် ကျောင်းမနေနိုင်တော့ဘဲ ထွက်လိုက်ရပြီ”ဟု ပြောသည်။

လယ်ယာမြေဥပဒေတွင် မူလလုပ်ပိုင်ခွင့် ရရှိထားသူကို နစ်နာမှုလုံးဝမရှိစေရန်နှင့် လျော်ကြေးပေးခြင်း၊ အခြားနည်းလမ်းများဖြင့် စီမံဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာက ပြုလုပ်ပေးနိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတော်အကျိုးအတွက် ပြုလုပ်သည့် စီမံကိန်းကြောင့် လယ်မြေကိုသိမ်းယူရာတွင်လည်း အနည်းဆုံး လိုအပ်သော ပမာဏကိုသာ သိမ်းယူရန်နှင့် စီမံကိန်းများ ဆောင်ရွက်ခြင်းမပြုလုပ်ပါက မူလ လယ်လုပ်ပိုင်ခွင့် ရှိသူထံသို ပြန်လည်ပေးအပ်ရမည် ဟု ပါရှိသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကလည်း တပ်ကသိမ်းထားပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့် တပ်ပိုင်မြေများအတွက် မူလလယ်ယာမြေ ပိုင်ဆိုင်သူများသို့ ပြန်လည်ပေးအပ်မည် သို့မဟုတ် ထိုက်တန်သည့် ကာလ တန်ကြေး လျော်ကြေးငွေ ပေးအပ်သွားမည်ဟု ပြောဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading