• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်း-မြန်မာ နယ်စပ်ဈေး ဖွင့်ရန် စီစဉ်

by Hsu Wai Linn
7 February 2014
in သတင်း
A A
2.6k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် ဒေသခံများ အလုပ်အကိုင်နှင့်ဝင်ငွေ ရရှိစေရေးအတွက် ဈေးတခု ဖွင့်လှစ်ရန် ကရင်ပြည်နယ် ကော့ ကရိတ်မြို့နယ် ဝေါ်လေ ကျေးရွာတွင် ယခုလ ၅ ရက်နေ့က နှစ်ဘက် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးကြသည်။

အဆိုပါ ဈေးဖွင့်ရန် စီစဉ်သည့်နေရာသည် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ဖုတ်ဖရမြို့နယ်နှင့် နယ်နိမိတ် ထိစပ်နေပြီး ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA) ထိန်းချုပ်ဒေသတွင် ဖြစ်သည်။ မြဝတီမြို့နယ် တောင်ဘက် မိုင် ၅၀ အကွာတွင် တည်ရှိ ကြောင်း သိရသည်။

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
186
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
165
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
59

ဈေးဖွင့်လှစ်နိုင်ရေးအတွက် ဖုတ်ဖရမြို့နယ် အုပ်ချုပ်ရေးမှူးအပါအဝင် မြန်မာ အစိုးရဘက်မှ တာဝန်ရှိသူများတွေ့ဆုံ၍ စီစဉ် ဆောင် ရွက်နေကြောင်း ဖုတ်ဖရမြို့နယ်ရုံးတွင် တာဝန် ထမ်းဆောင်နေသူ အမျိုးသမီးတဦးက ဧရာဝတီ သို့ ပြောသည်။

ဈေးကို မည်သည့် နိုင်ငံဘက်တွင် ဖွင့်လှစ်မည်ကို ထပ်မံတွေ့ဆုံ ဆွေးနွေးရန် လိုအပ်ပြီး လတ်တလော ထိုင်းဘက်က စီစဉ်ဆောင် ရွက်နေကြောင်း ၎င်းက ဆိုသည်။

“ပြည်သူ လူထု ဝင်ငွေရဖို့ အတွက် မြန်မာ အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ယုံကြည်တယ်”ဟု အထက်ပါ ဖုတ်ဖရမြို့နယ် ရုံးမှ အမျိုးသမီးက ပြောဆိုသည်။

နှစ်နိုင်ငံ ဒေသခံ ပြည်သူများ အနေနှင့် ပိတ်ရက်များတွင် ဟင်းသီး ဟင်းရွက် အပါအဝင် စားသောက်ကုန်ပစ္စည်းများ ထိုဈေးတွင် အပြန်အလှန် ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ဖုတ်ဖရမြို့နယ် အုပ်ချုပ်ရေးမှူး အကြီးအကဲက ဈေးဖွင့်လှစ်မည့် ဒေသသည် ယခင်က DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလား ပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သည့် အဖွဲ့နှင့် အစိုးရ စစ်တပ်တို့ တိုက်ခိုက်မှုတွေ ရှိခဲ့သော်လည်း လတ်တလော၌ ငြိမ်းချမ်း ရေး ယူထားပြီး ဖြစ်သည်ဟု ပြောကြားကြောင်း ထိုင်းရတ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

“DKBA အဖွဲ့က အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားသေးတာပဲ၊ စစ်ပွဲတွေ ဖြစ်တဲ့ နေရာကနေ ဈေးဖွင့်လို့ရမယ် ထင်တယ်”ဟု ဆိုသည်။

ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သည့် အဆိုပါ DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက် ပွဲ ကျင်းပနေသည့် ၂၀၁၀ ပြည့် နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှ စတင်၍ ကရင်ပြည်နယ် အတွင်းရှိ အစိုးရတပ်များကို တိုက်ပွဲများ ဆင်နွှဲနေခြင်း ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသားများ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရ သည်။

DKBA တပ်ဖွဲ့သည် ကရင်ပြည်နယ် မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်သည်။ ၁၉၉၅ ခုနှစ် တွင် ကရင် အမျိုးသား အစည်းအရုံး(KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ၍ တဖြည်းဖြည်း အင်အားကြီးမား လာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့လည်း ဖြစ်သည်။

Your Thoughts …
Tags: Border
Hsu Wai Linn

Hsu Wai Linn

Similar Picks:

နာဂသည် ချင်းမဟုတ်

နာဂသည် ချင်းမဟုတ်

by ထက်နိုင်ဇော်
12 March 2013
3.6k

နာဂလူမျိုးများကို ချင်းလူမျိုးများ ထဲတွင် ထည့်သွင်း ဖော်ပြမှုသည် တိုင်းရင်းသား စည်းလုံး ညီညတ်မှုကို ထိခိုက်စေနိုင်သည်ဟု နာဂလူမျိုးများနှင့် ဆိုင်သော အဖွဲ့အစည်း ၅ ခုက သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

by ထက်နိုင်ဇော်
15 July 2013
9k

နစက ဋ္ဌာနချုပ် ဖျက်သိမ်းခြင်းကို သမ္မတရုံးက ရှင်းရှင်းလင်းလင်း ကြေညာချက် မထုတ်ပြန်ခဲ့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး အစီရင်ခံစာအရ ဖျက်သိမ်းလိုက်ခြင်းဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။

အာရှ လမ်းမကြီး, ဝန်ကြီးချုပ် ဦးဇော်မင်း, KNU, BGF

အာရှ လမ်းမကြီး ဖွင့်မည့်ရက် ရွှေ့ဆိုင်း

by ကျော်ခ
20 July 2015
7.3k

ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြဝတီမြို့အကြား အာရှလမ်းမကြီးကို ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ ပူးတွဲ ဖွင့်လှစ်ရန် သတ်မှတ် ရက် ရောက်လာပြီ ဖြစ်သော်လည်း အခြေအနေအရ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။

တရုတ်, ကိုးကန့်,့တပ်မတော်

တရုတ်နယ်စပ် ကျော်ပြီး လောင်တဲ့ ကိုးကန့်စစ်မီး ဘယ်လိုငြှိမ်းမလဲ

by ရဲနည်
19 March 2015
6.5k

ဆင်ဟွာ သတင်း အေဂျင်စီရဲ့ အာဘော် တစောင်မှာ အခု တရုတ် နိုင်ငံဘက် ကျရောက်ခဲ့တဲ့ ဗုံးကိစ္စဟာ “စစ်မီးတွေ ဖိတ်စင်လာတာကို ရှောင်လွှဲဖို့ နယ်စပ် ဒေသတကြော ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအာမခံချက် သန္နိဋ္ဌာန်ကို လေးစားဖို့ မြန်မာအတွက်...

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

by ပက်ထရစ်ဘိုးလား
26 February 2013
8.3k

တန်ချိန် ၃.၈ တန်ခန့်ရှိ မြွေဟောက်၊ မြွေပွေးနှင့် အိန္ဒိယမြွေခလောက် စသည့် မြွေအကောင်ရေ ၄၈၁၅ ကောင်ကို သေတ္တာ ၁၇၆ ပုံးဖြင့် တင်ဆောင်လာသည့် ယာဉ်တစီးကို ရွှေလီ ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၂ ရက်...

မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်း ပြန်ဖောက်မှု ရှေ့နှစ်တွင် စမည်

မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်း ပြန်ဖောက်မှု ရှေ့နှစ်တွင် စမည်

by မေစစ်ပိုင်
25 December 2012
8.5k

ဒုတိယ ကမ္ဘာစစ်အတွင်း လူ့အသက်ပေါင်းများစွာ စတေးကာ ဖောက်လုပ်ခဲ့သော မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်းကို လာမည့်နှစ် အတွင်း ပြန်လည်ပြုပြင် ဖောက်လုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ် တံခါးပေါက်အဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Next Post
Facebook, နည်းပညာ, သတင်းအချက်အလက်, လက်တွေ့

၂၁ ရာစု Facebook ရီဗျူး

ဘာသာရေး, လူမျိုးရေး, စော်ကားမှု, စာပေ, ဂီတ, ရုပ်ရှင်, သဘင်

ကြောင်ချေးများကို အရင်ရှင်းပါ

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

7 days ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate