မြန်မာနိုင်ငံသို့ ၃ ရက်ကြာ အလည်အပတ် ရောက်ရှိနေသည့် ဂျာမနီ သမ္မတ Joachim Gauck သည် ယမန်နေ့က ရွှေတိဂုံစေတီတော်အား တက်ရောက် ဖူးမြော်ကြောင်း အစိုးရထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ ၎င်းက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို ချီးကျူးလိုက်ပြီး အမေရိကန်ဒေါ်လာ ၆၈၂ သန်းတန်ဖိုးနှင့် ညီမျှသည့် ယူရိုငွေ သန်း ၅၀၀ ဖိုး အကြွေးလျှော်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ တနင်္လာနေ့တွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံ တွင် ဂျာမနီ ယဉ်ကျေးမှုမြှင့်တင်ရေးဌာန (Goethe Institut) တခု ဖွင့်လှစ်ရန်လည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။